어쩌겠어요 What should I do?
내 맘이 그렇다는데 That's what my heart says.............
အဝါရောင် လိမ္မော်ရောင် သစ်ရွက်ခြောက်တွေက မြေပြင်ပေါ် ဟိုတစ်စ ဒီတစ်စ ကြွေကျလို့နေတယ်။
လေတစ်ချက်အဝှေ့မှာ ပါလာတဲ့ အအေးဓါတ်က ဝတ်ထားတဲ့ အပေါ်ထပ် ကုတ် အင်္ကျီကိုပါ ဖြတ်ပြီး တိုက်လာတယ်။
အေးခနဲပဲ။မိုးကောင်းကင်ကြီးကတော့ ပြာလဲ့နေတာ။
ပုံစံမျိုးစုံ ပြောင်းလဲနေတဲ့ တိမ်တွေလည်း ရှိနေပေမဲ့ ဒီနေ့ က အရင်လောက် တိမ်သိပ်မထူဘူး။ဒါပေမဲ့ ဒီအရာတွေကို ဆောင်ဟွန်း စိတ်မဝင်စားပါဘူး။
သူ စိတ်ဝင်စားတာ ဖုန်းထဲက ဂိမ်းကိုပဲ။
အမေက အပြင်သွာလို့ အိမ်တံခါးသော့ခတ်ပြီး သော့ပါ သူနဲ့အတူ ယူသွားတာ။
ကျောင်းက စောစောပြန်ရောက်လာတဲ့ ဆောင်ဟွန်း အိမ်ထဲ ဝင်လို့မရတော့ ဘာလုပ်လဲ။ အိမ်ရှေ့မှာ ငုတ်တုပ်ထိုင်ပြီး ဂိမ်းထိုင်ဆော့တာပေါ့။
Bluetooth headphones ကြီးကိုလည်း full volume on ပြီး တပ်ထားသေးတယ်။
ဂိမ်းထဲက အသံတွေနဲ့ပဲ သူ့ကမ္ဘာနဲ့ သူ ဖြစ်နေတဲ့ ဆောင်ဟွန်းက ပြင်ပက လက်ရှိကမ္ဘာနဲ့တော့ အဆက်အသွယ် ပြတ်တောက်နေတယ်။
" ဟိတ်ကောင်လေး ကိုကို ခေါ်နေတာ မကြားဘူးလား"
နားကြပ်ဆွဲဖြုတ်ခံလိုက်ရပြီး မျက်ဝန်းတစ်စုံက သူ့ရှေ့တည့်တည့်ရောက်လို့လာကာ အကြည့်ချင်း လာဆုံတယ်။
ကိုကိုပဲ။
" အိမ်ထဲမဝင်ဘဲ ဘာလို့ ဒီမှာထိုင်နေတာလဲ "
" အမေ ပြန်မရောက်သေးလို့ သော့မရှိတာနဲ့..."
" ဟမ် ဘာဖြစ်တယ်..? "
ကိုကိုက ကိုယ်ကို ကိုင်း၍ သူ့မျက်နှာ အနား ပို၍ ကပ်လာတယ်။ ကိုယ် ကိုယ်တိုင် ပြန်မမြင်ရပေမဲ့ ဆောင်ဟွန်း နားရွက်လေးတွေ နီတက်လို့သွားတယ်။ အသက်ရှူသံတွေ ပိုမြန်လာတယ်။
" အိမ်တံခါးသော့က မေမေ့ဆီမှာမလို့..."
အသံလေး နည်းနည်း မြှင့်ပြီး ပြောလိုက်တော့မှ ကိုကိုက မဆိုသလောက်လေး ပြုံးရယ်တယ်။ မတ်တပ်ပြန်ထလိုက်ပြီး သူ့ဆံပင်တွေကို ဆွဲဖွလိုက်တယ်။ ကိုကိုလုပ်သမျှကို သူက တစ််ခုချင်း လိုက်ကြည့်နေမိတယ်။