민들레 (희망의 꽃) Pt.1

464 57 7
                                    





널 얼마나 사랑하는데
왜 자꾸 놓아주려 해
널 얼마나 기다렸는데
왜 자꾸 멀어지려 해


..........








" မင်္ဂလာပါ။ ကျွန်တော်က ဘတ်ခ်ယွန်းဂယျောင်းလို့ ခေါ်ပါတယ်။ philosophy major ကပါ "

" မင်္ဂလာပါ။ ကျွန်မကတော့ ဆုန်းယယ်အွန်းပါ။
Software & IT major ကပါ "

" ရား ငါ ပြီးရင် မင်းအလှည့်လာပြီ။
ဖုန်းကို ခဏလောက် ချထားစမ်းပါ ဘယ်လိုဖြစ်နေတာလဲ စီနီယာကြီးတွေပါ ရှိတာကို "

သူငယ်ချင်းက အနားနား ကပ်ပြီး အော်ငေါက်တော့ ဘာရယ်မဟုတ် ဟိုနှိပ်ဒီနှိပ်လျှောက်နှိပ်နေတဲ့ ဖုန်းကို ခဏချထားလိုက်ပြီး သူငယ်ချင်း နှုတ်ဆက်တာ နားထောင်ရတယ်။ ပြီးရင် ဆောင်ဟွန်း အလှည့်ရောက်ပြီလေ။

" မင်္ဂလာပါ..... "

သူ မတ်တပ်ထလိုက်တာနဲ့ ဘေးပတ်လည်က လူ ၁၅ယောက်လောက်ရဲ့ အာရုံနဲ့ အကြည့်တွေက သူ့ဆီ ရောက်လာကြတယ်။  တချို့ စီနီယာ မမတွေက တီးတိုးပြောနေကြတယ်။ ဘာပြောနေလဲ မကြားရပေမဲ့ စိတ်မအေးဖြစ်ရတယ်။

အဲယားကွန်းရှေ့မှာ မတ်တပ်ရပ်ပြီး နှုတ်ဆက်နေတာတောင် လက်ဖဝါးမှာ ချွေးစေးတွေ ပြန်လာတယ်။ ကြောက်လန့်စိတ်ကြောင့် အသံက တိုးဝင်လို့လာတယ်။

" ကျွန်တော်က ပတ်ခ်... "

" ရား အီဟီဆွန်း! ဘာလို့ အခုမှ လာတာလဲ!
နင့်ကို စောင့်ရင်း ကလေးတွေကိုပါ အရင် နှုတ်ဆက်ခိုင်းထားရပြီ "

" ဆောရီး ကိစ္စလေးရှိလို့ "

" မောင်လေး နာမည်က ဘယ်သူ....? "

" အာ... ပတ်ခ်... ပတ်ခ်ဆောင်ဟွန်းပါ "

" အင်း ဟုတ်ပြီ တွေ့ရတာဝမ်းသာတယ်နော် ဆောင်ဟွန်းနီး။ ဒါဆို နောက်တစ်ယောက်ကော "

မလှုပ်မရက် ကျောက်ရုပ်တစ်ခုလို ခုံပေါ် ပြန်ထိုင်ချလိုက်မိတယ်။ ဟိုဘက်လှည့်မကြည့်ဖြစ်ပေမဲ့ မျက်ဝန်းထောင့်ကနေ သူ့ကို သေချာ စိုက်ကြည့်နေတဲ့ ဟီဆွန်းရဲ့ အကြည့်တွေကို သူ မြင်နေရတယ်၊ ခံစားမိတယ်။

လက်ဖျားလေးတွေ ၊ ခြေဖျားလေးတွေ အေးလာလို့ တုန်မတက်ရုံတစ်မယ်ပဲ။

Silent Longing | Heehoon Where stories live. Discover now