Bittersweet feeling이상하긴 해도 좀 슬프긴 해도
나 왠지 눈물이 나 너무나 달콤해서
너무나 달콤해서........
အခုတလော ရာသီဥတုက အခု ပူလိုက် အခုအေးလိုက် ဖြစ်နေတယ်။ နေကျစ်ကျစ်တောက် ပူရာက မိုးတွေ သည်းကြီးမည်းကြီး ရွာချလာတတ်တဲ့ ရာသီအကူးအပြောင်းကာလမလို့ အစစအရာရာ သတိထားနေရပြီ။
လူကသာ အအေးကြိုက်ပေမဲ့ ခန္ဓာကိုယ်ကတော့ နည်းနည်းလေး မအီမသာဖြစ်လာလို့ အခုတလော အနေအထိုင် ဆင်ခြင်နေရတယ်။
အရင်တစ်ပတ် ဖျားပြီးကတည်းက အစစ အရာရာ ဂရုစိုက်နေရတာ။ mid-term ကြီးလည်း နီးလာပြီးကိုး။
စာလုပ်ဖို့ အကောင်းဆုံးနေရာက ကျောင်းစာကြည့်တိုက်လို့ လူတွေက ဆိုကြပေမဲ့ ဆောင်ဟွန်းကတော့ study cafe လေးတွေကို ပိုနှစ်သက်တယ်။
သိပ်ပြီး နာမည်မကြီး၊ လူတွေလည်း သိပ်မလာတတ်ဘဲ နေရာအသင့်အတင့်ကျယ်တဲ့ ဒီ ကဖေးလေးကို ရှာတွေ့ထားတာ ဘယ်လောက်မှတောင် မရှိသေးဘူး။
ဒီနေ့တစ်နေ့တော့ ဒီမှာပဲ နေပြီး စာသေချာလုပ်ဦးမှပါ။
အခုရက်ပိုင်း အာရုံတွေ ထွေပြားတာ များနေပြီ။
စာထက် တစ်ခြား အရာတွေကိုပဲ ဂရုစိုက်နေမိတာ။ ဒီပုံအတိုင်းဆို မဖြစ်တော့ဘူးလေ။ သူ စာမေးပွဲတွေ ကျကုန်မှာပေါ့။ဖုန်းကို silent လုပ်၊ do not disturb mood on၊ အမြဲ တပ်နေကြ headphones ကြီး တပ်၊ စာသားမပါတဲ့ သီချင်းခပ်အေးအေးလေးတွေ ဖွင့်ပြီး၊ laptop ရှေ့ ထိုင်ပြီး စာစ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
" နောက်ဆုံးတော့ ပြီးသွားပြီ ~! "
ခက်လှပါချည်ရဲ့ ဆိုတဲ့ lecture တွေကို သေချာ ပြန်ကြည့်၊ တွက်ချက်ပြီးတဲ့ အချိန်ကျ စာမေးပွဲအတွက် စိတ်ပူပန်မှုတွေ တစ်ဝက်လောက် ပျောက်သွားသလိုပဲ။
လက်မှာပတ်ထားတဲ့ Rolex နာရီလေးက ၆နာရီထိုးခါနီးပြီဆိုတာကို ညွှန်ပြနေတယ်။ ညနေတောင်စောင်းသွားပြီ။ သူ ဒီနေ့ တကယ် စာတွေ အများကြီး လုပ်ဖြစ်ခဲ့တာပဲ။