Ep 7

9.1K 752 162
                                    

#Unicode

ညနေဆည်းဆာအလှကိုကြည့်ရင်း ဆိုင်ကယ်ကိုမှီကာ စီးကရက်သောက်နေကြသည့် Jeon Jungkook နှင့် Kim Taehyung...

တိတ်ဆိတ်နေသောလေထုထဲတွင် ဆေးလိပ်ငွေ့တွေသာလွင့်ပျံ့လို့နေ၏ ။

"Kim Taehyung ... ငါမင်းကိုမေးစရာတစ်ခုရှိတယ်"

အတန်ကြာမှ Jungkook ဘက်ကနေစလိုက်သည့် စကားတစ်ခွန်း ။
Taehyungက ပြောလေဆိုသည့်ပုံစံဖြင့် မျက်ခုံးပင့်ပြလာသည် ။

"မင်းကို တစ်စုံတစ်ယောက်က သဘောကျတယ်၊ချစ်တယ်လို့ဖွင့်ပြောမယ် ... ပြီးရင် လက်ထပ်ဖို့ခွင့်တောင်းမယ်ဆိုရင် မင်းဘာလုပ်မှာလဲ"

Jungkook ၏မေးခွန်းကြောင့် Taehyung ခပ်ယဲ့ယဲ့လေးပြုံးလိုက်သည် ။
ထို့နောက် သောက်လက်စ စီးကရက်ကိုနင်းချေလိုက်ပြီး

"ငါငြင်းမယ် .. ပြီးရင် သူနဲ့အဝေးဆုံးမှာနေမယ်"

Taehyung၏ အဖြေကြောင့် ဖွင့်ပြောဖို့တွေးနေတဲ့ Jungkook၏အတွေးတို့က ပျက်စီးသွားတော့သည် ။

"မင်းဘာလို့မေးတာလဲ Jeon Jungkook ... မဟုတ်မှ ငါ့ကိုဖွင့်ပြောမလို့လား?"

Taehyungက သူ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြီးမေးလာသည် ။
ရုတ်တရက်ကြီးမေးလာတဲ့ ထိုမေးခွန်းကြောင့် Jungkook မှာ ရှိုးတိုးရှန့်တန့်ဖြစ်ရသေး၏။
တစ်ဆက်တည်းမှာလဲထိတ်လန့်ကာ ခေါင်းကိုတွင်တွင်ရမ်းလိုက်သည် ။

"မင်း ဟာသတွေလဲပြောတတ်တာပဲလား Kim Taehyung ... ဟားဟား ... ငါကမင်းကို ဘာဖြစ်လို့ဖွင့်ပြောရမှာလဲ? အဓိပ္ပာယ်မရှိတာ"

Jungkook အမှန်အတိုင်းဖွင့်ပြောပြချင်ပေမယ့်မဝံ့ရဲတာကြောင့် လိမ်ညာ၍သာပြောလိုက်သည် ။

"ဟုတ်တယ်နော်.. တကယ်တမ်း အဓိပ္ပာယ်မရှိဘူး"

အဝေးတစ်နေရာကိုငေးကြည့်ရင်းဆိုလာတဲ့ Taehyung ရဲ့စကားကြောင့် Jungkook တိတ်ဆိတ်သွားရပြန်သည် ။ နားမလည်တာကြောင့် မေးခွန်းထုတ်လိုက်၏။

"ဘာကိုလဲ?"

"ငါတို့အခုလုပ်နေတာတွေကလေ ... သူငယ်ချင်းတွေက အခုလိုတွေမဖြစ်သင့်ဘူး"

"ဒါဆိုရင် မင်းရပ်တန့်ဖို့တွေးနေလား Kim Taehyung "

Jungkook စိုးရိမ်စွာမေးလိုက်သည်။ Taehyung ကအခုလိုအခြေအနေတွေကို ရပ်တန့်လိုက်လျှင် ခက်တော့မည် ။

From Best Friend To Bed Friend(Completed)Where stories live. Discover now