" အကို မြန်မြန်လာ "
ဘယ်လောက်ပဲ ဝေးအောင်ပြေးပြေး စိတ်ထဲ့မှာ သခင်လေးဂျွန်ရဲ့ လောင်ရိပ်အောက်က မလွှတ်မြောက်သေးဘူးလို ခံစားနေမိတာမလို့ ဒူးတွေတုန်းနေလဲ မင်ငယ်က ဆက်ပြေးနေဆဲ ခြေဖဝါးသေးသေးလေ သွေးထွက် နာကျင်နေလဲ မင်ငယ် ဆက်ပြီပြေးနေဆဲ....
ဒီလောက်ပြေးနေတာ သခင်လေးဂျွန်ကို မုန်းလို့လား မေးရင် မင်ငယ်ကတော့ ^ဟင်းအင်း^ လိုပဲဖြေမိမှာ အ့တာဆို ဘာလို ဒီလောက် ရေကုန်ရေခန်း ပြေးနေတာလဲလို ထပ်မေးရင် မင်ငယ်အဖြေကတော့ မင်ငယ် သခင်လေဂျွန် ကို ^ကြောက်လို^ပါလို ဖြေမိမှာပါ..။" မင်ငယ် မလောနဲ့တော့နော် ကိုယ့်တို့ ညကတည့်က ထွက်ပြေးလာတာပဲ မမိနိုင်လောက်ပါဘူး အ့တော့ စိတ်ကိုလျှော့ထားနော် မင်ငယ်... "
မင်ငယ်ကို ကြည့်ရတာ တစ်ခုခုကို အတော်လေ စိတ်ပူပန်နေလိုက်ပုံများ ခြေဖဝါးသေးသေးလေတွေ သွေးထွက် နေတာတောင် သူမှာ မနာကျင်သလိုနဲ့ ဆက်ပြီပြေးနေတာ ကြာရင်မင်ငယ် လဲသွားနိုင်တာမို့ မင်ငယ်ကို စိတ်လျှော့ပြီ ခုနတော့ အနားယူစေချင်မိတယ် ကိုယ့်လဲ ပင်ပန်းတယ်ဆိုပေမယ့် မင်ငယ်ကိုပဲ ပိုပြီ စိတ်ပူနေမိတယ်..။
"မင်ငယ်... မင်ငယ်..!"
ဘယ်လောက်တောင် အတွေးတွေလွန်နေတာလဲမသိဘူး ခေါ်နေတာ နှစ်ခါမြောက်လောက်မှ အလန့်တကြာ လူကို ပြူးကြည့် လာတာ..။
"ဟုတ် ဟုတ် ဘာဖြစ်လိုလဲ အကို... နှုတ်ခမ်းကနာတအားနာလားလို့လားဟင့်.."
သခင်လေးဂျွန်လောင်ရိပ်အောက်ကနေ လွတ်မြောက်ဖို့ ဘယ်လောက်ထိဆက်ပြီပြေးရအုံးမလဲလို စဥ်းစားနေမိတာ အကို ခေါ်မှ လူက သတိပြန်ဝင်မိတယ် ပြီတော့ အကို နှုတ်ခမ်းက ယောင်းပြီ နီနေတာပဲ..။ဖ
"အကို နှုတ်ခမ်း အရမ်းယောင်းနေတာပဲ .. အရမ်းစပ်နေလား.. အရှေ့လေတွေက အရမ်းတိုက်နေတော့လေ...ဆောင်းလဲဝင်ပြီဆိုတော့ ဒဏ်ရာတွေကရင်းလာရင် ဒုက္ခ "
အတွေးလွန်နေတဲ့ မင်ငယ်က ကိုယ့်ဒဏ်ရာမြင်တော့ ကိုယ့်အနား လျှောက်လာပြီ လက်ရှည် အင်္ကျီအစွန်းစလေနဲ့ ဒဏ်ရာကို လာသုတ်ပေးတော့မှပဲ သတိထားမိတယ် မနေ့ညနေလောက်က သခင်လေးဂျွန် ထိုးထားတဲ့ လက်သီး ပြင်းချက်ဆိုတာ ထိုးပြီတဲ့ ညမှာပဲ ထမင်းမစားနိုင်ပဲ ဆန်ပြုတ်သောက်လိုက်ရတယ် ဒါတောင် ထိုးတာက တစ်ချက်ပဲ ကြပ်ပူတိုက် ဆေးလိမ်းလိုက်လို အယောင်းကျနေတာ မနေကလောက်တော့မယောင်းတော့ဘူး..။