"မင်ငယ်ကို ကူညီပါနော်...
ကိုကိုက မင်ငယ်ကို အရင်လိုလဲ အလေးမပေးတော့ဘူး။မင်ငယ်နဲ့လဲ လာမကစားတော့ဘူး...အ့တာ ဂျွန်က ကိုကို့ကို ကူပြောပေးပါဦး...နော်..."....."
"ဂျွန်....."
"....."
"ဂျွန်~~~"
"သူမကစားချင်လိုနေမှာပေါ့...ဂျွန်က ဘယ်လိုပြောပေးလိုရမလဲ..!"
မနက်တည်က မင်ငယ်က ဂျွန်အိမ်တော်ထိ သူကို လာစောင့်နေတာက မင်းယွန်ဂီက သူကိုပစ်ထားပြီ အလေးမပေးတော့လို လာတိုင်းတာ။ပြီတော့ အရင်လို ပြန်ဖြစ်အောင် ခေါ်ပြီတော့ကို ပြောပေးရဦးမယ်တဲ့။မင်ငယ်ကို ဂျွန်စိတ်မရှည်ချင်တော့ဘူးကွာ။
ဆွဲဆန့်ပြီတော့ မင်းခေါင်းတဲ့ ငါအကြောင်းရော ရှိသေးရဲ့လာလို မေးလိုက်ချင်တော့တယ်..။"ကိုကိုက မင်ငယ်တို့နဲ့ ကစားချင်ပါတယ်...
သခင်လေးကင်မ်က ပေးမကစားတာထင်တယ်..."မင်းယွန်ဂီကို မင်ငယ်အနားက ပထုတ်သွားတဲ့ ကင်မ်ထယ်ယောင်းကို ကျေးဇူတင်နေတာတောင် ပျောက်တယ်။အရင်နေ့တွေတုန်းက မင်ငယ်နေတာ အကောင်းကန ခုမှ မင်းယွန်ဂီက သူကို ပစ်ပယ်ထားကြောင်းကို မျက်နှာငယ်လေးနဲ့ လာတိုင်းနေတာ။
မင်းယွန်ဂီကို မင်ငယ်အနားမှာ မတွေ့တော့တာ ရက်သတ်တစ်ပတ်တောင် ရှိနေပြီ။ဒါဆို မင်ငယ်က သူနဲ့ ရှိနေချိန်တိုင်း ယွန်ဂီကို သတိရနေတုန်းလား..?။ဘာလိုလဲ..! သူတစ်ယောက်လုံးရှိနေတာကို မင်ငယ်က သူကို မမြင်နိုင်တာလား..!!။
တောက်စ်..!!!။ အတွေးထဲမှာ အဆက်မပြတ်တွေးနေမိသလို အပြင်မှာလဲ ဂျွန်မျက်နှာက ပုတ်သိုးလာတယ်။"အ့တာကို မင်ငယ်သိနေတာတောင် ဘာလို ဂျွန်ကို လာပြောခိုင်းသေးလဲ..?!!"
စိတ်က တိုလာပြီ မင်ငယ်ကို စကားပေ့ာရာမှာ အသံက ခပ်ဆက်ဆက်ထွက်သွားတော့သည်။မင်ငယ်က ဂျွန်နဲ့ ခင်လာတဲ့အလျှောက် ဂျွန်ရဲ့ စိတ်ရှည်/နူးညံ့သော စကားလုံးများကိုသာ ကြားနေကျမလို..အခုလို ဂျွန်ရဲ့ ခပ်ဆက်ဆက်ပြန်ဖြေသံက မင်ငယ်ကို ဝမ်းနည်းသွားစေတယ်...။
"အ..အ..ခု ဂျွန်က မင်ငယ်ကို အော်လိုက်တာလား..?
ဂျွန်လဲ မင်ငယ်ကို ကိုကိုလို ပစ်ထားတော့မှာမလား..?
ဟုတ်တယ်...ဟုတ်တယ် ဂျွန်လဲ ကိုကိုလို မင်ငယ်ကို ပစ်ထားတော့မှာ...မင်ငယ်ကို မချစ်ကြတော့ဘူး...
အီးး...အီးးးး...ဟီးးးး"