မီးပန်းရဲ့လောင်ကျွမ်းပြီးသား မီးစနှစ်ခုကို ဘယ်လိုနည်းနဲ့ ပြန်ဆက်လို့ရမယ်ထင်လဲ။
ပျက်စီးယိုယွင်းပြီးသား မီးပန်းရဲ့ မီးစတွေကို ဘယ်လိုဆွဲအားမျိုးနဲ့ပြန်ပြီးဆက်သွယ်နိုင်မယ်ထင်လဲ။
ဒါက အဖြေမရှိဘူး။ ဒါဆို လောင်ကျွမ်းပြီးသားမီးပန်းရဲ့မီးစနှစ်ခုလို လူနှစ်ယောက်ကရော အဘယ်သို့သောနည်းနဲ့ ပြန်ပေါင်းဆက်နိုင်မယ်ထင်လဲ။
သူတို့က ပျက်စီးပြီးသွားပြီ။ လောင်ကျွမ်းပြာကျပြီးသွားပြီ။ သ်ို့ပေမယ့် သူတို့နှစ်ဦးအတူရှိအောင် ဘယ်လိုဆွဲအားတွေက ဖမ်းဆုပ်ထားလဲ။ ဒီမေးခွန်းရဲ့အဖြေကိုဖြေဖို့ရာအတွက် လက်တွေ့ကျတဲ့အခြေအနေထဲတိုးဝင်တာကပဲ အဖြေရှာနိုင်လိမ့်မယ်။
...
"မင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်နေလား ပတ်ဆောင်းဟွန်း!"
ဧည့်ခန်းထဲ ဟိန်းထွက်လာတဲ့အသံမှာ ဘယ်လောက်တောင် ဒေါသတွေပါဝင်နေကြောင်း ကြားရုံနဲ့တင်ခန့်မှန်းလို့ရနိုင်သည်။ အိမ်ထဲက အလုပ်သမားတွေကတော့ မကြာခင်သည်းထန်လာတော့မယ့် မုန်တိုင်းကိုခန့်မှန်းမိကြပါ၍ အခုကတည်းက ကြိုကာရှောင်တိမ်းနေကြပြီပင်။
ဂျယ်ယွန်းကို စီးကြိုနေတဲ့မျက်နှာကတော့ ခပ်ထေ့ထေ့ပဲ။ စားပွဲမှာထိုင်ရင်း ကိတ်မုန့်ကိုဇိမ်ပြေနပြေစားနေကာ သူ့ကိုတစ်ချက်သာ လှည့်ကြည့်လာပြီး အကြည့်ပြန်လွှဲသွားသည်။ အဖက်တောင် မလုပ်သလိုအနေအထားနဲ့။
"ပတ်ဆောင်းဟွန်း! ငါမေးနေတယ်လေ!"
"တစ်ရက်လောက် အေးအေးဆေးဆေးနေပေးလို့မရဘူးလား ရှင်းမ်ဂျယ်ယွန်း"
ထိုစကားက ဂျယ်ယွန်းရဲ့ ဒေါသတွေကို လောင်စာထပ်ဖြည့်ပေးလိုက်သယောင်။ နောက်ပြီး စိတ်ပျက်ခြင်းအရိပ်အယောင်တွေပါတဲ့ မျက်ဝန်းနက်တစ်စုံကလဲ သူ့ကိုစိုက်ကာကြည့်နေသည်မို့ ရှင်းမ်ဂျယ်ယွန်းတစ်ယောက် ယနေ့တော့ ဒေါသဆိုတဲ့နွံထဲက ရုန်းထွက်နိုင်ဖို့ လမ်းမမြင်တော့ပါချေ။
"ဒါကိုမြင်တာတောင် အေးဆေးနေရမှာလား မင်းပြောကြည့်"
လက်ထဲကဓာတ်ပုံတစ်ချို့ကတော့ မျက်စိရှေ့က မျက်နှာလှလှတစ်ခုထံ ပစ်ပေါက်ခြင်းခံလိုက်ရသည်။
YOU ARE READING
ဝေဟင်ယံထက်က တောင်ပံကျိုးငှက်များရဲ့အတ္ထုပ္ပတ္တိ
Fanfictionမပျံသန်းနိုင်တော့တဲ့ချစ်ခြင်းတွေ မြေပြင်ထက်မှာ ပျော်ရွှင်ပါစေလေ။