part 4🌹
ရှောင်းကျန့်ဟာဝမ်ရိပေါ်နဲ့ကတိပေးထားတဲ့အတိုင်း၇ရက်တိတိဒိတ်ပေးပါတယ် အခုဆိုရင်းကောင်လေးနဲ့ဒိတ်တဲ့ရက်ဟာ၇ရက်ပြည့်ဖို့တစ်ရက်ဘဲလို့တော့တယ် အခုချိန်မှာသူအများကြီးစဉ်းစားရတယ်သူကိုယ်သူလည်းနားလည်အောင်မေးခွန်းတွေပြန်မေးမိတယ်သူကောင်လေးကိုချစ်နေပြီးလားလို့
ညရောက်တဲ့အခါကဝမ်ရိပေါ်ဘက်မပျက်မကွက်နဲ့ဖုန်းစဆက်ခဲ့တယ် လူတစ်ယောက်နဲ့ဖုန်းအကြာကြီးဆက်တာေကာင်ေလးနဲ့မှပထမဆုံးအကြိမ်ဆိုတော့ရှောင်ကျန့်ဘက်ကဘာစကားမှမပြောပေးမဲ့တစ်ဖက်ကကောင်လေးကတော့ပါးစပ်ကိုစက်တပ်ထားတဲ့အတိုင်းကိုပေါက်ပေါက်ဖောက်တာပါ ဘယ်လည်မယ်ဘာစားမယ်ဘာလုပ်မယ်ဆိုပြီးမနက်ဖြန်းအတွက်စီစဉ်နေလေ့ရဲ့ နောက်ဆုံးညည်းနက်အောင်ထိမနေတတ်တဲ့ရှောင်ကျန့်ဟာကောင်လေးကိုအိပ်တော့လို့ပြောပေးမဲ့အငြင်းစကားဆိုလာတယ်ဒါကြောင့်ရှောင်ကျန့်နောက်တစ်မျိုးထပ်ပြောလိုက်တော့ကောင်လေးကလိမ်လိမ်မာမာဘဲဖုန်းချဖို့ပြင်တယ်
"တောင်းပန်ပါတယ် ကိုကိုအိပ်ချင်နေမှန်းမသိလို့"
"ရပါတယ် ငါက၁၀နာရီဆိုအိပ်နေကျမို့ မျက်လုံးကသိပ်မခံနိုင်တာ"
"အခု၁၁နာရီတောင်ခွဲနေပြီး ဘာလို့စောစောကမပြောရတာလဲ"
"မင်းပျော်နေလို့လေ..."
"ဟာဗျာ အခုတောင်ချစ်မဝဖြစ်နေတာသိပ်မခြွေပါနဲ့ဗျသိမ်းပိုက်မိလိမ့်မယ်"
"အွန်းပါ ငါမခြွေပါဘူအမှန်တိုင်းပြောပြရုံး..."
"ကဲ ခင်ဗျာကြီးအိပ်တော့..ကျွန်တော်မနက်ကျအိမ်လာခဲ့မယ် ဆိုင်ပိတ်ဖို့မမေ့နဲ့အုံး"
"အွန်းပါ ငါမင်းထပ်အကြီးနော်"
"အကြီးမှန်းသိပေးမဲ့ကလေးလေးလို့လုပ်နေလို့ ကြက်မကြီးကသူဥကိုဝှပ်ထားသလို့မျိုးခင်ဗျာကိုဝှက်ထားချင်တာ"
"မင်းလည်းငါကိုတစ်နေ့ကိုတိရစ္ဆာန်တစ်ကောင်နဲ့မနိုင်ရရင်မနေနိုင်ဘူးနော်"
"ချစ်လို့ပါဗျ ကိုကိုကသိပေးမဲ့ကျွန်တော်ကခနခနပြောပြချင်တာမို့ ကဲကဲအိပ်တော့...မနက်ကျလာခဲ့မယ်ဒါဘဲနော်ချစ်တယ်"
![](https://img.wattpad.com/cover/344819531-288-k414098.jpg)
YOU ARE READING
နှင်းဆီ(Rose)🌹
Romancefunny,candy,yizhan type ပေါ့ပေါ့ပါးပါးလေးသဘောကျရင်ဝင်ဖတ်လိုက်တော့🌹