(not) Cool with Him | oneshot

2K 169 14
                                    

This story is roughly based on a short video named "Trying to be Friends With Your Ex" by Lilly Singh on Youtube.

" ရည်းစားဟောင်းနဲ့က အေးဆေးပါ "




Unicode




" ဂယူဗင်းနဲ့က အေးဆေးပါကွာ သိလား "

" သူများတွေလိုမျိုး မုန်းပြီးလမ်းခွဲခဲ့တာမှမဟုတ်ပဲ ငါ့အနေအထားကြီးနဲ့ နောက်ကွယ်မှာ ရည်းစားဟောင်းရဲ့အတင်း လိုက်အုပ်နေမဲ့ထဲ မပါဘူး "

တနင်္ဂနွေနေ့လည်ခင်းကြီး ဝိုင်အတူသောက်ရအောင်ဆိုပြီး တစ်မိုးအောက်သူဌေးသား ရှန်ရစ်ခီကခေါ်တော့လည်း ဈေးကြီးတဲ့ ဝိုင်လေးများ အလကားကပ်သောက်ရမလားဆိုတဲ့ အတွေးလေးတစ်ခုနဲ့ပဲ ဂွန်းနုက ရစ်ခီ့အိမ်ထဲ သောင်လာတင်နေတယ် ။

" အင်း သိပါတယ် "

ခြံဝန်းထဲက စားပွဲခုံဝိုင်းလေးမှာပဲ အေးအေးလူလူထိုင်ရင်း ဖန်ခွက် တစ်ယောက်တစ်ခွက်စီကိုင်ကာ ရစ်ခီဆိုသမျှစကားမှာ ဂွန်းနုလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ရေလိုက်ငါးလိုက်လေးနေပေးဖို့ အစီအစဉ်နဲ့ အေးအေးသက်သာ ။


" ဒီလိုပါပဲလေ လမ်းခွဲခဲ့တာကလည်း ထွေထွေထူးထူးမှမဟုတ်တာ အကျင့်စရိုက်ချင်းမတူတာလေးကြောင့်သာပါပဲ "

" အင်းပေါ့- အင်းပေါ့ "

" ငါက သစ္စာရှိ ရိုးသားတည်ကြည်ဖြောင့်မတ်သလောက် သူက လျှာအရိုးမရှိ လိုက်လိမ်ညာတတ်တာလေးကလွဲရင် ကျန်တာတော့ အဆင်ပြေခဲ့ပါတယ် "

တအင်းအင်းနဲ့ ခေါင်းလိုက်ငြိမ့်ပေးနေတဲ့ ဂွန်းနု ဆက်ပြီးခေါင်းငြိမ့်ရမလား ခေါင်းခါရမလား နည်းနည်းလေး တွေဝေသွားပြီး ဖန်ခွက်ထဲက ဝိုင်လက်ကျန်ကိုသာ လည်ချောင်းထဲ မော့လိုက်ရသည် ။


" တကယ်တော့ သူက လူကောင်းတစ်ယောက်ပါလေ "


" ဦးနှောက်သိပ်မရှိတာက လွဲရင် အတော်ကောင်းရှာပါတယ် "

တစ်ခွန်းပြီးတိုင်း နောက်က ကပ်ပါလာတဲ့ အဖြည့်ခံ စာကြောင်းကိုပြီးအောင်နားထောင်ပြီးမှ သတိထားအင်းအဲလုပ်ဖို့ ဂွန်းနု ကိုယ့်ကိုယ်ကိုယ် စိတ်ထဲက သတိပေးလိုက်သင့်ပြီးသား ။


KYKY | SimkongzDonde viven las historias. Descúbrelo ahora