Unicode Ver
"ဒါကနင်ဒီနေ့စပြီးနေရမဲ့စံအိမ်ပဲ ဒီအိမ်ကသခင်လေးကငါနင့်ကိုပြောပြထားသလိုပဲ သူ့ကိုနှောက်ယှက်တာသဘောမကျဘူး အဓိကကသူ့အားနည်းချက်ကိုနင်စကားထဲထည့်မပြောမိစေနဲ့ ပြီးမှတစ်ခုခုဖြစ်ရင်ငါနင့်ကိုမကယ်နိုင်ဘူးနော် နင်အိမ်အခြေအနေအဆင်မပြေလို့သာ ငါအခုလိုပိုက်ဆံများများရနိုင်တာရှာပေးတာ ပြသနာတော့မရှာမိစေနဲ့ သခင်လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကလွဲရင်နင့်အတွက်တစ်ခြားပင်ပန်းစရာမရှိဘူး "
"ဟုတ်ကဲ့"
" အင်း .....ဪ နောက်ထပ်က သခင်လေးကခိုင်းရင်အကုန်လုပ်ပေးလိုက်ပါတစ်ခုမကျန် ငြင်းဆိုခွင့်မရှိဘူးနော် နောက်ပြီး မခိုင်းတာကိုလဲဘယ်တော့မှမထိပါနဲ့ "
"ဟုတ်ကဲ့"
သူ့ကိုလာခေါ်တဲ့ကားကစံအိမ်ဝန်းထဲကိုစဝင်လာတာနဲ့မှာနေတဲ့ဘေးကအိမ်တော်ထိန်းစကားကိုတစ်ခွန်းမကျန်နားထောင်နေရသည်
အဖေရဲ့ဆေးဖိုးကိုမတတ်နိုင်တာရယ် အမေသစ်ရဲ့ပြောဆိုမှုတွေကြောင့် မသန်စွမ်းသူကိုပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ခိုင်းစေမှုကြောင့်"ဟိုမှာသခင်လေးစောင့်နေတယ်"
သူတို့ဝင်လာတော့ဧည့်ခန်းဝန်းထဲမှာမတ်တပ်ရပ်နေကြတဲ့ကိုယ်ရံတော်နှစ်ယောက်ရယ် ဝှီးချဲပေါ်မှာထိုင်နေတဲ့တစ်ယောက်ရယ်
အိမ်တော်ထိန်းခုနပြောတဲ့သခင်လေးဆိုတာ အခုတစ်ယောက်ကိုပြောတာထင်တယ်
"မင်္ဂလာပါ သခင်လေး ကင်မ်ဆော့ဂျင်းပါ အခုကစပြီး~"
သူစကားမဆုံးသေးခင် လက်ကိုရုတ်တရက်မြှောက်လိုက်ပြီးသူ့စကားကိုရပ်စေသည့်သူကြောင့် ခေါင်းကိုငုံ့ချလိုက်သည်
သူနှုတ်ဆက်တာမကြိုက်လို့များလား
တကယ်ဆိုရင် တစ်ချို့သူဠေးတွေ သခင်လေးတွေက အဆင့်တန်းနိမ့်တဲ့သူတွေနဲ့စကားမပြောချင်ကြဘူးလေ
မတူသလိုဆက်ဆံကြတာပဲကို သူ့ကျောင်းကတစ်ချို့သူဠေးသားသမီးတွေကသက်သေပဲကို"ခင်ဗျား သေချာပြောမပြထားဘူးလားမစ္စဟန်??"
ထိုသူ့ဆီကထွက်လာတဲ့အသံကအာဏာအပြည့်ပါသည် လူတွေပြောတဲ့
အရှိန်အဝါဆိုတာ ဒါပဲနေမှာပေါ့
YOU ARE READING
LIGHTS 🕯️
Fanfictionကျွန်တော်တို့သိတဲ့အလင်းရောင်ကတစ်ခါတစ်လေအလင်းပြနိုင်သလို တစ်ခါတစ်လေလဲဆွေးမြေ့လောင်မြိုက်စေတယ်