" ဒီပန်းလေးကလေ မင်းနဲ့သိပ်တူတာပဲဆော့ဂျင်း ဒါပေမဲ့သိလား ဒီပန်းလေးကိုမင်းပန်လိုက်ရင်တော့ မင်းအလှကိုသူတို့ကလုံးဝမမှီဘူး"
သူ့ပေါင်ပေါ်မှေးနေတဲ့မိမိအား နားတွင်ပန်းတစ်ပွင့်ကိုပန်ပေးလျက် ဆိုလာသူကိုဆော့ဂျင်းမော့ကြည့်လိုက်သည်
ခေါင်းထက်ထိုးနေတဲ့နေရောင်ကြောင့် မျက်နှာကိုရှင်းလင်းစွာမမြင်ရသော်လည်း ထိုသူ၏မိမိပေါ်ထားတဲ့နွေးထွေးမှုကိုလက်ခံရရှိနေဆဲပင်။" မင်းငါ့ကိုအခုလိုချီးမကျူးလဲ ငါမင်းကိုမုန်းပြီးမထားခဲ့ပါဘူးနော် ပန်းထက်တောင်ငါကလှတယ်ဆိုတော့ အရမ်းများသွားပြီမလား?"
"အဟင်း~မင်းသိလားဆော့ဂျင်း ငါမင်းကိုစသဘောကျခဲ့ရတဲ့နေ့က မင်းကပန်းတွေနဲ့အပြိုင်လှနေခဲ့တာ စတွေ့တုန်းကဆို မင်းကိုယောကျာ်းလျာတစ်ယောက်လို့ကိုထင်ခဲ့တာ အပြုံး နှုတ်ခမ်း မျက်ခုံး မျက်လုံး အရာရာတိုင်းကဆွဲဆောင်လွန်းခဲ့တာ"
မျက်နှာအစိတ်ပိုင်းတစ်ခုချင်းဆီကိုထိတွေ့ရင်းဆိုလာသောသူကြောင့် ထိုနူးညံ့တဲ့အထိတွေ့အား သာယာစွာ ငြိမ်ခံနေခဲ့သည် ဒီလူကသူ့အပေါ်ဆိုသိပ်ကိုနွေးထွေးခဲ့တာလေ ။
"အစ်ကိုလေး နိုးပြီလားရှင့် !"
"ဟင်?"
ထိုအချိန်မှာပင် သူရှေ့ကလူရဲ့အသံက ရုတ်တရက်အသံချိန်းသွား၏ ခုနသူကြားနေတဲ့နွေးထွေးလွန်းတဲ့ အမျိုးသားတစ်ယောက်၏အသံမျိုးမဟုတ်ပဲ အမျိုးသမီးတစ်ယောက်ရဲ့အသံအဖြစ်ချက်ချင်းပြောင်းသွား၏
" သခင်လေးကထမင်းစားဖို့စောင့်နေပါတယ်"
နောက်တစ်ကြိမ်ထပ်ကြားရချိန်မှသာ အသံကပိုထင်ရှားလာတာကြောင့် မျက်လုံးကိုဖွင့်လိုက်တော့ သူ့ရှေ့ရပ်နေတဲ့ အိမ်တော်ထိန်း။
" သခင်လေးက ထမင်းစားဖို့စောင့်နေပါတယ် "
ထပ်ဆိုလာတဲ့စကားသံကြောင့် သူအိပ်ပျော်နေမှန်းသိသွားလေသည်" ဆော်ရီးနော် ညကနောက်ကျမှအိပ်ရာဝင်လိုက်လို့! သူစိတ်ဆိုးနေလားမစ္စဟန်?"
" မဆိုးပါဘူး အစ်ကိုလေးကိုခေါ်လာခဲ့လို့ပဲပြောလိုက်ပါတယ်"
YOU ARE READING
LIGHTS 🕯️
Fiksi Penggemarကျွန်တော်တို့သိတဲ့အလင်းရောင်ကတစ်ခါတစ်လေအလင်းပြနိုင်သလို တစ်ခါတစ်လေလဲဆွေးမြေ့လောင်မြိုက်စေတယ်