Part-3

481 72 17
                                    


ဝင်လာတဲ့သူအများအပြားရှိနေတဲ့ခန်းမကြီးထဲမှာရှိတဲ့ လူအများ၏ဆူညံသံက သူရှိနေတဲ့အခန်းထဲအထိပါပဲ့တင်ထပ်နေသည်

"အစ်ကိုနှုတ်ခမ်းနည်းနည်းအရောင်တင်မလားရှင့်"

ရှေ့မှ သူ့ကိုပြင်ပေးနေသည့်ကောင်မလေးစကားဆီအာရုံပြန်ရောက်လာရင်း

"အာ ဟို~နည်းနည်းတစ်မျိုးဖြစ်နေမလားလို့လေ "

"မစိုးရိမ်ပါနဲ့ရှင့် အစ်ကိုကအစတည်းကလှပြီးသားဆိုတော့ အဲ ချောပြီးသားဆိုတော့လေ ဘာမှလုပ်စရာမလိုပါဘူး အခုကနှုတ်ခမ်းခြောက်နေမှာဆိုးလို့ အဆီလိမ်းပေးဖို့ပါ"

" ဪ ဟုတ်ကဲ့ ဒါဆို ကျေးဇူးတင်ပါတယ်"

ထို့နောက်အကြည့်ကဘေးမှစခရင်ပေါ်သို့ပြန်ရောက်သွား၏။

တီဗီမှတဆင့်တွေ့နေရသည့် ပွဲလာသူများထဲတွင်သူရင်းနှီးတဲ့သူ သူသိတဲ့သူဟူ၍ တစ်ဦးတစ်ယောက်မှမရှိ။

အကုန်လုံးဟာ သူ့အမျိုးသားဖြစ်လာတော့မယ့် ဂျွန်ဂျောင်ကု၏မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေချည်းသာ။

ဂျောင်ကုကတော့ သူနဲ့သိသမျှသူတွေအားလိုက်လံနှုတ်ဆက်နေ၏

ကိုယ်မသိတဲ့လူအုပ်အများကြီးကိုပြုံးရယ်ရင်းဖြတ်သန်‌းလျောက်ရမဲ့သူ့အတွက်ကတော့ အရာရာတိုင်းဟာ ဝန်ထုတ်ဝန်ပိုးလိုသာ တင်းကြပ်လွန်းသည်

သူလုပ်ခဲ့ဖူးတဲ့ကော်ဖီဆိုင်လေးမှာ လူကျချိန်ကလွဲရင် လူအများကြီးနဲ့ထိတွေ့ဆက်ဆံဖို့ခက်ခဲတဲ့သူက အခုတော့ကိုယ်မရင်းနှီးတဲ့လူပေါင်းများစွာပြည့်နေတဲ့ခန်းမကြီးထဲတွင်ပြုံးနေရပေမည်။

သူ့အားပြင်ဆင်ပေးတဲ့သူတွေထွက်သွားပြီးနောက် လက်ထဲမှာကိုင်ထားရသည့် ပန်းသုံးပွင့်လောက်ပါသည့် ပန်းစီးအသေးလေးကိုသာငုံ့ကြည့်နေမိသည်။

မြင်ကွင်းရှေ့က‌တဖြေးဖြေးဝါးလာလို့ ငိုချင်နေတဲ့စိတ်ကိုထိန်းရင်း မျက်နှာကျက်သို့တဖန်မော့ကြည့်မိပြန်သည် သူ့မိဘတွေသည်လည်း သူ့ကိုတစ်ချက်တောင်အကြောင်းမကြား သူ့ကတွေ့မယ်လို့ကြံပြန်တော့လဲ ဂျောင်ကုကဘယ်ကိုမှခွင့်မပေးချေ

LIGHTS 🕯️Where stories live. Discover now