"ကြင်ယာငယ်လေးက အရှင်Siaရဲ့ တတိယမြောက် မင်းသားငယ်ကို မွေးဖွားခဲ့ပါတယ်"
Aita အတွက် ရယ်စရာကောင်းသော စကားတစ်ခွန်းဖြစ်ခဲ့သည်
Sia၏ ရုပ်ခန္ဓာဟာ အတိတ်မှာသေဆုံးခဲ့ပြီးပြီ ဖြစ်သည်။
သွေးအားနည်းရောဂါကို ပျောက်ကင်းအောင် ဖခင်ဖြစ်သူ အရှင်Yama၏ ခန္ဓာကိုယ်ကိုအစားထိုး လဲလှယ်ပြီး Siaအား ဘဝသစ်စတင်ခြင်း ခံခဲ့ရသည်။
Aitaက Siaအပေါ် ချစ်မြတ်နိုးခဲ့သည့် စိတ်ကိုအမှောင်ချကာ နာမ်ခန္ဓာကို ဖြတ်တောက်ပြုပြင်ပြီး ဘဝသစ်စတင်ခြင်း ခံခဲ့ရသည်။
Aitaမှာ Siaကို ချစ်မြတ်နိုးနိုင်သည့် နှလုံးသား မရှိသလို၊ Sia၏ ရုပ်ခန္ဓာဟာလည်း နောက်ထပ် သန့်စင်သော သန္ဓေသားများ ဖြစ်လာအောင် လုပ်ဆောင်နိုင်သည့် ကိုယ်ပိုင်နှလုံးသွေးမရှိပေ။
Yama မင်းကြီးက အသက်ဆုံးရှုံးခံကာ သူတို့နှစ်ဦးကို လောကကျိန်စာတွေကနေ ကာကွယ်ပြီး နန်းတတ်ပေးဖို့ နယ်မြေတွင်းကိုပြန်သွင်းခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်က ကိုယ်ဝန်ဆောင်လို့ အိမ်ရှေ့စံခန္ဓာပျက်စီးသွားသော Siaအတွက် နောက်ထပ် သန့်စင်သော သွေးသန္ဓေသားကို Siaထက်ပိုပြီး ကြီးမြတ်သော နန်းကံကြမ္မာရှိသည့် Aitaကလွဲပြီး အခြားမည်သူကမှ ဆောင်ကြဉ်းပေးနိုင်စွမ်း မရှိတော့လို့ဖြစ်သည်
ရှင်သန်ခဲ့သည့် ဘဝသစ်ရဲ့အဓိပ္ပါယ်မှာ
"Siaက Aitaကို ကာကွယ်ပေးရခြင်း" မဟုတ်ပဲ၊
"Aitaက Siaကို ကာကွယ်ပေးရခြင်း" ဖြစ်၏
တစ်ယောက်နဲ့ တစ်ယောက် အစွဲအလမ်း ကြီးမားပြီး ရယူပိုင်ဆိုင်လိုစိတ်ကြီးမားခြင်းကို ပိတ်ပင်ထားရသည့် ဘဝအခြေအနေနှင့် လောကအပေါ် ပေးဆပ်ရင်းရင်သန်နေရသည့် စိတ်အလိုမကျမှုများကို---
နှစ်ဦးကြားက မပြေလည်သော နေ့စဉ်ဘဝ၏ ပြဿနာငယ်လေးများအပေါ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပုံချရင်း မကြာခဏ စကားများ ရန်ဖြစ်ကြသည်
ရန်ဖြစ်ပြီးတိုင်း အရင်လိုပင် Siaက အရင်ဆုံး ပြန်လာချော့ပြီး Aitaအပေါ် သူဘယ်လောက်မြတ်နိုးကြောင်း အမြဲပြော၏
YOU ARE READING
Love Story From Defulo (S3), King Sia (Season 1)
Historical Fictionချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား