ထိုကိစ္စကြောင့် မကြာခင်၌ ရွှေအိမ်တော်က Aitaအား အိမ်တော်ရင်း၏ အစည်းအဝေးရှိကြောင်း စာချွန်လွှာဖြင့် အသိပေးသည်။
အသိပေးသည့်သဘောက လာရောက်စေလိုသည့် သဘောဖြစ်သည်။ Aitaက နန်းကြင်ယာတော်မို့ အိမ်တေည်ဘက်က လှမ်းခေါ်သည့် အသုံးအနှုန်း သုံးခွင့်မရှိသောကြောင့် ဖြစ်သည်။
Aitaက စာချွန်တော်ရသည်နှင့် အစည်းအဝေးရှိသည့်နေ့ကို ရွှေနန်းအိမ်တော်ရင်းသို့ ကြွလာသည်။
နန်းအိမ်တော်၏ မျိုးနွယ်တွေက စောင့်ဆိုင်းနေကြ၏။
"ဘယ်လိုဖြစ်တာလဲ ကြင်ယာတော်အရှင်"
"Siaအတွက် ကြင်ယာငယ်ယူဖို့ အချိန်တန်ပြီလေ"
"အဲ့ဒါကို ပြောတာမဟုတ်ဘူး။ Siaက ကြင်ယာငယ်ယူနိုင်စွမ်း မရှိဘူးလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ဘယ်လိုသန္ဓေသားမျိုးလဲ ငါတို့သိနေတာပဲမလား"
"ဘာကို ဘယ်လိုသန္ဓေသားမျိုးလဲ"
ရွှေအိမ်တော်က Siaနဲ့ Aita၏ အတိတ်က ဆက်ဆံရေးကို ရည်ညွှန်းပြောဆိုလိုက်ပေမယ့် Aitaက ထိုမှတ်ဉာဏ်တွေဖျက်ဆီးခံရပြီး ဝေဝါးနေသည့်သူမို့ နားမလည်ဖြစ်နေသဖြင့် အိမ်တော်ဘက်က Aitaသိအောင် ဘယ်လိုထောက်ပြရမလဲ အခက်တွေ့ရပြန်သည်။
"Yamatoကို ကြွပြီးပြီလား အရှင်"
"Sia ကြွသွားတယ်"
ထိုအခါ အိမ်တော်လူကြီးက ညည်းညူပြန်သည်။
"ငါတို့အိမ်တော် နှစ်ဖက် ကလေးချင်းများ အလဲခံခဲ့ရသလား!!"
Sia က အတိတ်က ဖြစ်ရပ်တွေကြောင့် ရွှေအိမ်တော်နဲ့ ပနံမသင့်ပေ။
Aita ကလည်း Siaနဲ့အတင်းပေးစားခံထားရလို့ Yamato အိမ်တော်က လူတွေနဲ့ ပနံ့မသင့်ပေ။နှစ်ယောက်လုံးဟာ ကိုယ့်မျိုးရိုး၏ အိမ်တော်ရင်းများကို အကြောင်းပြချက်မျိုးစုံဖြင့် ကလန်ကဆန်လုပ်တတ်ကြသည့် လူဆိုးလေးများလည်း ဖြစ်ကြပြန်သည်။
အိမ်တော်အကြီးအကဲ၏ စကားကို နားလည်သဘောပေါက်သဖြင့် Aitaက မျက်စောင်းလေးဖြင့် မျက်နှာလွှဲကာ ငြိမ်နေ၏။
ESTÁS LEYENDO
Love Story From Defulo (S3), King Sia (Season 1)
Ficción históricaချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား