Zawgyi
ကောင်းကင်ကြီးက မှိုင်းပြပြနဲ့
အလင်းရောင်ကိုလည်း မမြင်ရချေ
တိတ်ဆိတ်နေတဲ့ ထိုဝန်းကျင်မှာ
တိုက်ခတ်နေတဲ့ လေစိမ်းတွေ
ငြိမ်သက်နေတဲ့ ကန်ရေပြင်
လွင့်လူးနေတဲ့ ဆံနွယ်ရှည်
မျောလွင့်သွားတဲ့ ကကွက်တွေ
စိုစွတ်နေတဲ့ မျက်ဝန်းအိမ်
ဤအရာကား ပန်းချီကားတစ်ချပ်လား ဒါမှမဟုတ် ကျိန်စာတစ်ခုများလားတိတ်ဆိတ်နေပြီး ကြယ်တွေနဲ့ စန္ဒာနတ်သားအစွမ်းကြောင့်သာ ထွန်းလင်းနေသော ထိုဝန်းကျင်မှာ နွဲ့နှောင်းပျော့ပျောင်းပါသော ကကွက်လေးများကို ဖန်တီးနေတဲ့ ထိုအမျိုးသမီးဟာ ကနေသော်ငြား သံစဉ်မပါ
မည်သို့ပင်ဆိုစေကာမူ စင်စစ်မြင်ရသူအဖို့ စွဲလမ်းမိစေမှာပါ
ကံဆိုးသည်ဟုပင်ပြောရလေမလား ထိုနေရာ၌ သူမမှတစ်ပါး မည်သူမှမရှိ...သူမ၏ ကကွက်များဟာ လွမ်းဆွတ်ဖွယ်ရာ မျက်ဝန်းအိမ်ဟာ ပြိုကျလုနီး မိုးရေစက်များပမာ
သူမသည် ကကွက်များအား ရပ်တန့်လိုက်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏
သူမ၏ သွယ်လျလျခန္ဓာကိုယ်လေးမှာ ပြိုလဲချင်နေသယောင်
မျက်ဝန်းညိုညိုတို့မှ အဖျားခံကာ စီးဆင်းလာသော မျက်ရည်မြစ်များကြောင့် မျက်နှာသွယ်သွယ်အား လက်ဖြင့် အုပ်ကိုင်လိုက်သည်
အဘယ်အရာကများ ငိုကြွေးစေပါသနည်း။
ရှိုက်သံသဲ့သဲ့တို့ဟာ သူမထံမှ ထွက်ပေါ်လာချေပြီ
ထိုစဉ်မှာပင် ဘယ်ကပေါ်လာမှန်းမသိတဲ့အမျိုးသမီးတစ်ယောက်"ညီမလေး ညဘက်ကြီးကို ဒီလောက်မှောင်နေတာ ဘာလုပ်နေရတာလဲကွယ်"
သူမ စိုစွတ်နေပါသော ပါးပြင်အားဖိသုတ်ကာ မော့ကြည့်လိုက်မိသည်ဆံနွယ်ရှည်တွေကို စုချည်ထားရာ တိုက်ခတ်နေသော လေကြောင့် လူးလွင့်ကာ ဆံနွယ်တို့ကား လေ၌ပျော်နေ၏
မျက်လုံး လှလှလေးရယ် နှာတံစင်းစင်းရယ် မထူမပါးနှုတ်ခမ်းလေးရယ်
သိပ်ကိုလှပါသည်
"ညီမလေး..."
"ရှင်"
သူမ တွေးနေမိတာ ဘယ်လောက်ကြာသွားလဲ သူ မသိတော့ချေ ထိုအမျိုးသမီး ခေါ်လိုက်တော့မှ အသိဝင်ကာ ထူးလိုက်မိသည်