အခန်း(၈) အလေအလွင့်

2.9K 439 4
                                    

** စပရိုက် ** မနက်ဖြန် နောက်သုံးပိုင်းကို ဆက်တင်ပေးမယ်နော်။ ဒီည အခန်း(၆/၇/၈) သုံးပိုင်းစလုံးဖတ်ပေးနော်။ အခန်း(၇)ကို အရင်တင်ထားမိတယ်။ အခန်း(၆) လေးမဖတ်ရသေးရင် ပြန်ဖတ်လိုက်ကြအုံးနော်။ ♥️♥️

အခန်း(၈) အလေအလွင့်

အယ်လ်ဖာသည် မကြာသေးမီက စိုးရိမ်ပူပန်နေခဲ့လေသည်။

သူဘာကိုများ စိတ်ပူနေခဲ့တာလဲ။ ဟုတ်ပါတယ်။ အရူးလေးတစ်ယောက်သည် သူ့ကို "လောင်ကုန်း" ဟု မခေါ်သည်မှာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊...ဆယ့်ငါး၊ ဆယ့်ခြောက်၊ ဆယ့်ခုနစ်ရက်ရှိနေပြီဖြစ်သောကြောင့်ပင်။

ဆယ့်ခုနစ်ရက်သည် 408 နာရီ၊  24480 မိနစ်၊ 1468,800 စက္ကန့်နှင့် ညီမျှလေ၏။

ဆယ့်ခုနှစ်ရက်သည် ခန့်မှန်းခြေအားဖြင့် ရက်ပေါင်းနှစ်ဆယ်နီးပြီဖြစ်ပြီး တစ်လပြည့်ပေတော့မည်။ တစ်နှစ်လျှင် ဘယ်နှစ်လ ရှိပါသနည်း။

အယ်လ်ဖာ: သူဌေးခါးသီးနေပြီနော်။

များစွာတွေးတောဆင်ခြင်ပြီးနောက် အယ်လ်ဖာသည် နောက်ဆုံးတွင် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့လေသည်။

အယ်လ်ဖာသည် ထိုအချိန်က ပတ်သတ်ပါ၀င်နေခဲ့သည့် တဖက်လူဖြစ်သည့် ကောင်းမိသားစုမှ သခင်ငယ်နှင့် တိုက်ရိုက်ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့လေသည်။

“ခေါင်းလောင်းကိုဖြည်ဖို့ ခေါင်းလောင်းကိုချည်ရမယ်” ဟူသော ဆိုရိုးစကားအတိုင်းပင်။

[ TN: ဒီတစ်ကြောင်းကို တရုတ်ကနေယူထားတာပါ။ (解铃还须系铃人。) ဆိုတဲ့ စကားပုံတစ်ခုပါ။ စတင်ပြုလုပ်ခဲ့သူသည် အဆုံးသတ်ရပေမည်။ ဆိုပြီး အဓိပ္ပါယ်ရပါတယ်တဲ့။ ]

အရူးလေးကို အနိုင်ကျင့်သူတိုင်းကို သူတို့ပြုလုပ်ခဲ့သည်ကို  ပြန်ပေးသင့်သည်ဟု ဆိုလိုသည်။

သို့သော်လည်း အယ်လ်ဖာသည် မစ္စရှန့်တွင် မကောင်းသည့် နှလုံးသားရှိနေသေးမည်ဟု မမျှော်လင့်ထားခဲ့ချေ။  အယ်လ်ဖာသည် ကောင်းမိသားစုဆီသို့ သွားသည့်နေ့မှာပဲ မစ္စရှန့်သည် တခြားဘာအကြောင်းမှမရှိပဲ သူမလည်း ထိုနေရာတွင် ရှိနေခဲ့ကာ၊ သူမတွင်ရှိသည့် နူးညံ့ပြီးလက်ရာမြောက်သည့်ပန်းအိုးများကို သူမ၏ " အနာဂါတ်သားမက်လောင်း" နှင့် ပြန်လည်သင့်မြတ်ရန်အတွက် ယူလာခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုပင်။

အရူးလေးလက်ထပ်တော့မယ် 《 မြန်မာဘာသာပြန် 》Where stories live. Discover now