Mature content ⚠️⚠️
"ကူးငယ် ဖေဖေ့ဆီရောက်ရင် လိမ္မာရမယ်နော် ဘာအသံမှမကြားချင်ဘူး ပြီးတော့ ဖေဖေနဲ့အတူ ဖိုးဖိုးကိုလည်းသွားတွေ့ခဲ့။"
"ဟုတ်မေမေ"
"ကင်မ် အိမ်တော်ထိမ်း ကူးငယ် ကိုပြင်ဆင်ပေးလိုက်ပါဦး မကြာခင် ဒရိုင်ဘာဟုန် ရောက်လာလိမ့်မယ် သူ့အဖေဆီ သေချာ ပို့ပေးလိုက်ပါ ကိစ္စပြီးရင် ကျွန်မကို အကြောင်းကြားလိုက်ပါ။
ဒါဆို ဒီလောက်ပဲ ကျွန်မ ခရီးက ၁ ပတ်လောက်ကြာမယ်ဆိုတော့ ကူးလည်း သူ့အဖေဆီမှာပဲ နေရလိမ့်မယ် ကျောင်းလည်းအဲ့ကပဲသွားမှာဆိုတော့ လာမယ့် တနင်္လာနေ့ သူ့ကိုကြိုဖို့မလိုအပ်ဘူး ကျန်တာ သူ့အဖေ Jeon ရဲ့ အတွင်းရေးမှူးနဲ့ဆက်သွယ်ပါ""ဟုတ်ကဲ့ သခင်မကြီး "
"မေမေ့ ကိုချစ်တယ်"
စံအိမ်ကြီးထဲမှ သားအမိနှစ်ယောက်ဖက်ကာ နှုတ်ဆက်လိုက်ကြတယ်။
"မေမေလည်းသားကိုချစ်တယ် ကူး "
တောင်ကိုရီးယား မှ ဆွေစဉ်မျိုးဆက်ချမ်းသာလာသော မိသားစုနှစ်စု ပေါင်းစည်း ရေးရဲ့ အဓိက သားကောင်များဖြစ်တဲ့ ဂျွန် ဟာဂျွန်း ( Jeon Hajoon )နဲ့ အီ ယူဂျင်း (Lee Eugene) တို့ ရဲ့အိမ်ထောင်ရေး ဟာ အချစ်မပါတဲ့အိမ်ထောင်ရေးသက်သက်သာ။ အစတည်းက ၂ ယောက်သားဟာ မိသားစု လိုအပ်ချက်အရ မိသားစု အမွေဆက်ခံသူ ဖွားမြင်ပြီး ကိုယ့်လမ်းကိုယ်သွားကြမယ်လို့ သဘောတူညီပြီးသားဖြစ်တယ်။ မထင်မှတ်ပဲ ယူဂျင်း ဟာ ဂျွန်ဟာဂျွန်းကို သားဦးလေးမဖွားမြင်ခင် ချစ်မိသွားခဲ့တာကိုတော့ နဂို မာနကြီးတဲ့ မိန်းမတစ်ယောက်ပီပီ သူ့ကိုယ်သူပင် သေတဲ့အထိ လက်ခံမည်မဟုတ်ပါ။ နောက်ဆုံးတော့ အိမ်ကြီး ၂ အိမ်ရဲ့ အရာရာ ကိုဆက်ခံမည့် သားဦး သခင်လေး ဂျွန်ဂျောင်ကု ( Jeon Jungkook) ကို ဖွားမြင်ခဲ့တယ်။ ဂျွန် ဟာဂျွန်းနဲ့ အီယူဂျင်းတို့ဟာလည်း သားလေး ၁ နှစ်မပြည့်ခင်ကွာရှင်းခဲ့လေတယ်။
ယခုပင် တစ်ဦးတည်းသော သခင်လေးသည် အသက် ၁၃ နစ် ပြည့်ပြီးဖြစ်သည်။ ပြည့်စုံလှတဲ့သူ့ ဘဝဟာ အီ စံအိမ်ကြီးမှာ အမေ့ရဲ့ ထိန်းကျောင်းမှုအောက် သင်ယူသင့် သမျှသင်ယူရင်း နေထိုင်တယ်။ အပတ်စဉ် အားလပ်ရက်များမှာတော့ အဖေ့စံအိမ်မှာ အချိန်ကုန်ဆုံးနေကျ။ ဒီတစ်ခေါက်သောအခါမှာတော့ အီသခင်မကြီး ခရီးထွက်ရမှမို့ ဖခင်ရှိရာသို့ ပုံမှန်ထက်အချိန်ကြာကြာ နေရနိုင်တယ်။ ဂျွန်သခင်လေး၏ အားလပ်ရက်များတွင် ဖခင်နေအိမ်မှာ အချိန်ကုန်ဆုံးရမည်ဟူသောအရာ သည် Jeon သခင်ကြီး ( ဂျောင်ကု၏အဖိုးဖြစ်သူ) ချမှထားသော အရာဖြစ်သည်။