"ရိုးတံရယ် လိမ္မော်ယှက်လို့
အပွင့်မှာ စွတ်စွတ်ဖြူ
ရောင်နီပျို့ရင် တန်းမြေခတယ်
သီကာကုံး၍ ပန်လိုကပန်နိုင်ပါတယ်
မညှိုးခင် သင်းပျံ့ထုံဖို့
အစွမ်းကုန် သည်ဝန်ထမ်းပါ့မယ်"xxxxxx
စမုံဖွဲ့ရွာရဲ့ ရွာလယ်လမ်းမသည် နွားလှည်းနှစ်စီးစာ သွားနိုင်သည့်အထိ ကျယ်ဝန်းသည့် မြေနီလမ်းဖြစ်သည်။ ဆောင်းဦးကူးခါစမို့ ခြောက်သွေ့သွေ့ရာသီဥတုဝယ် မြေနီမှုန့်တို့ကလဲ တလွင့်လွင့်ဖြင့်။
မိုးရာသီဆို ရွှံ့တောထဲ လမ်းလျှောက်ရမှာကတော့ မလွယ်ပေ။
ရွာသူကြီး၏အိမ်သည် အရှေ့ပိုင်းတွင်ရှိ၍ ကိုဘမောင်၏အိမ်သည် ရွာလယ်ပိုင်းနားတွင်ရှိသည်။ ရွာ၏ဆေးပေးခန်းမှာလဲ ရွာအလယ်တည့်တည့်တွင်ရှိသောကြောင့် ကိုဘမောင်၏အိမ်နှင့် မျက်နှာချင်းဆို င်မှာရှိသည်ဟု စိမ်းမြတ်မောင်မောင် က သူ့အား လမ်းလျှောက်ရင်း ပြောပြလေသည်။
" ဒါနဲ့ မောင်မောင် ရွာမှာစေတီ ရှိသလား "
"ဗျာ "
" ဪ ရွာမှာစေတီရှိသလားလို့ "
" ရှိ ရှိတယ် စေတီလည်းရှိတယ် ဘုရားကျောင်းလဲရှိတယ် "
" ဟုတ်လား နောက်တော့ ကိုယ့်ကို လိုက်ပို့ပါဦး မောင်မောင် "
"ဟုတ် ဟုတ်ကဲ့ပါ ဆရာလေး "
ရွာအရှေ့ပိုင်းနဲ့အလယ်ပိုင်းသည် နည်းနည်းတော့လှမ်းသည်။သူတို့ နာရီဝက်ခန့်လမ်းလျှောက်ပြီးနောက် ဆေးပေးခန်းကိုမြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်မှာတော့ ခြံထဲတွင်နွားစာစဥ်းနေသော ကိုဘမောင်ကို တွေ့လိုက်ရလေသည်။
YOU ARE READING
Khar Lar Toe ( ခါလာတိုး)