(Uni)
နောက်ဆုံးမှာတော့ စိတ်ကူးမယဉ်ခဲ့ဖူးပါသော နန်းတော်ကြီးအတွင်းကို ကလေးလေးဟာ အိမ်ရှေ့စံလေး၏ အပြာရောင်ဝတ်ရုံကလေးခြုံရင်း အထိန်းတော်ဟွမ်း၏ကျောပြင်ပေါ်မှာ ကုပ်တွယ်ထားရင်း ရောက်လာခဲ့သည်။
အာဟာရချို့တဲ့မှုနှင့် ရိုက်နှက်ခံထားရသော ဒဏ်ရာဒဏ်ချက်တို့ဟာ ငယ်ရွယ်လှသည့်ကလေးငယ်ကို အတော့်ကိုပင် အားအင်ယုတ်လျော့သွားစေကာ သေအံ့ဆဲဆဲဖြစ်လုဖြစ်ခင်အထိ အကျိုးသက်ရောက်စေခဲ့၏။
ဝမ်းဗိုက်က ကျယ်လောင်စွာအော်ဟစ်လာတိုင်း အစာမရှိသည်မို့ အလွန်နာကျင်နေသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးကလဲ အရိုက်ခံထားရသည့်ဒဏ်များကြောင့်ကိုက်ခဲမှုတို့က မလျော့ကျသွား။
မျက်ရည်တို့ကြောင့် စေးကပ်နေပါသောမျက်ဝန်းတွေက ပိတ်ကျလာပြီး ကလေးလေးနောက်ဆုံးမှတ်မိတာကတော့ အတော့်ကိုလှပသည့် နန်းဆောင်ဝင်းတစ်ခုထဲသို့ အထိန်းတော်ဟွမ်းနှင့် သခင်လေးကခေါ်သွားခဲ့သည်ဆိုတာကိုပင်။
"ဒီကလေးက ကိုယ်ခံအားအတော်ကောင်းတဲ့အထဲပါတာမို့ ဒီအခြေအနေထိတောင့်ခံထားနိုင်တာပါ။
ပွန်းပဲ့ရာတွေက ပြင်ပဒဏ်ရာဆိုပေမယ့် ညိုမဲစွဲနေတဲ့နေရာက ဒဏ်ရာတွေကအတွင်းပိုင်းကိုထိခိုက်နေနိုင်ပါတယ် အကယ်၍ထိခိုက်နေခဲ့ရင် အဲ့တာကိုတော့အချိန်နည်းနည်းပေးပြီးကုယူရပါတယ် ပုံမှန်ဆေးလိမ်းဆေးသောက်လုပ်ရင် သက်သာလာမှာပါ အရှင့်သား"အိမ်ရှေ့စံနှင့် မိဖုရားခေါင်ကြီး၏ ကျန်းမာရေးကိုတာဝန်ယူထားသော သမားတော်ဂင်က ကလေးလေးကို စစ်ဆေးပြီးနောက် အိမ်ရှေ့စံလေးကိုလျှောက်တင်လာ၏။သမားတော်ဂင်၏ စကားကြောင့် အိမ်ရှေ့စံလေးရော အထိန်းတော်ဟွမ်းပါ စိတ်ချလက်ချသက်ပြင်းချလို့ရတော့သည်။
ခေါ်လာလာခြင်းပဲ သတိမေ့သွားတာမို့ အိမ်ရှေ့စံလေးမှာ စိုးရိမ်ကာ သမားတော်ဂင်ကိုဆင့်ခေါ်စေပြီး ကလေးလေးကိုလဲ အထိန်းတော်ဟွမ်းအား ရေပတ်တိုက်ကာ သန့်ရှင်းစေပြီး သူသိမ်းထားသော သူ့အဝတ်အစားဟောင်းလေးတစ်ထည်ကိုပါ ဝတ်ဆင်ထားစေခဲ့သည်။
YOU ARE READING
Winter Ballad | Jakehoon
FanfictionA story of an emperor and his consort Yulan Written in Burmese