(Uni)
ဟန်နိုင်ငံ၏ ဘုရင့်တော်ဝင်နန်းတော်ကြီးက အရှေ့ကျွန်းဆွယ်မှာ အခမ်းနားအလှပဆုံးဟု ကလေးလေးကြားခဲ့ဖူးသည်။
ပြဒါးနီဖြင့် ခြယ်မှုန်းထားသော တော်ဝင်နန်းတော်ကြီး၏ ခေါင်မိုးတွေသည် နက်စွေးနေသည်မှာ ညယံ၏ မဟူရာ ကောင်းကင်ပြင်က ထင်ဟပ်နေသည့်အလား။ကျောက်သားခင်းထားသည့် နန်းတော်၏လမ်းမတွေသည် ဖြူဖွေးနေကာ နန်းဆောင်တစ်ဆောင်၏ အကျယ်အဝန်းမှာလဲ လူကုံထံတို့နေသည့်အိမ်အကျယ်အဝန်း၏ သုံးပုံနှစ်ပုံနီးပါးလောက်ရှိ၏။
တော်ဝင်နန်းတော်၏ အိမ်ရှေ့စံ စံမြန်းရာ အရှေ့နန်းဆောင်မှာ အလွန့်ကိုကျယ်ဝန်းသည့်အပြင် နန်းဆောင်ဝန်း၏ အနောက်ဘက်၌ ကြာကန်အသေးတစ်ကန်ရှိကာ သစ်ပင်ပန်းမန်များစိုက်ပျိုးထားသည့် ဥယျာဉ်ငယ်တစ်ခုလည်းရှိသေးသည်။အိမ်ရှေ့စံကိုအနီးကပ်ခစားရသည့် နန်းတွင်းအစေခံများအတွက်လဲ အဆောင်ငယ်တစ်ခုသက်သက်ရှိသေးတာမို့ အတော့်ကိုကျယ်ဝန်းလှသည်။
အစက သဘောကောင်းလှသည့်ကိုကိုအား အမတ်အီ၏တူဖြစ်ကာ အထက်တန်းလွှာသခင်လေးဟုမှတ်ယူခဲ့မိခြင်းတွေသည် အိမ်ရှေ့စံဟုသိလိုက်ရသောအခါ တအံ့တဩဖြစ်သွားရတာကိုတော့ ကလေးလေးဝန်ခံပါသည်။
သို့ပေမယ့် အိမ်ရှေ့စံဟူသော အကောင်းတကာ့အကောင်းဆုံး၊ပြည့်သူ့ရင်နှစ်သည်းချာလေးဟူသော အညွန့်တကာ့ အညွန့်ဆုံးဂုဏ်ပုဒ်တွေကပဲ အိမ်ရှေ့စံကိုကိုနှင့်အလိုက်ဖက်ဆုံးသာ။
သူထင်ထားတာထက်တောင်မှ မြင့်မြတ်ပြီးကောင်းမွန်တဲ့ဘဝမှာ အိမ်ရှေ့စံကိုကိုနေထိုင်နေသည်ဟူသော အသိသည် ကလေးလေး၏ နှလုံးသားလေးအား နွေးထွေးစေပါ၏။လူသားအပေါင်းရဲ့ အိမ်မက်လို့ပြောလို့ရသည့်နေရာသည် အိမ်ရှေ့စံကိုကို၏အပိုင်ဖြစ်ပြီး သူဟာယခုတွင်တော့ အိမ်ရှေ့စံကိုကိုထံမှာ အနီးကပ် ခစားရမည့် လူတစ်ဦးဖြစ်လာခဲ့ပြီ။
လပြည့်နေ့ ပွဲဈေးတန်းထဲမှ ပန်းနုရောင်ပိုးဝတ်စုံလေးနှင့် သူ့ဘဝထဲတိုးဝင်လာပါသော မသေမျိုးတမျှမြင့်မြတ်လှသည့် ကိုကိုဟာ သူ့ကိုပထမတစ်ကြိမ် ကယ်ဆယ်ပေးခဲ့ပြီး ဒုတိယအကြိမ်မှာတော့ အသက်ကိုတောင် ကယ်တင်ပေးပြီး ဘဝအသစ်ကိုပေးခဲ့သေးသည်။
YOU ARE READING
Winter Ballad | Jakehoon
FanfictionA story of an emperor and his consort Yulan Written in Burmese