ချစ်သော ပို၍ချစ်သော....မတည်မြဲတဲ့လောကဓံတရားက..
ဖခင်သေဆုံးရာကနေစတင်ခဲ့တယ်..
မန္တလေးလူကုံထံအသိုင်းအဝိုင်းတစ်ခုကနေ့ချင်းညချင်းကူးပြောင်းသွားတယ်...အိမ်ကောကုမ္ပဏီကောအသိမ်းခံရတော့ မေမေနဲ့သူဟာ
မေမေ့မိဘတွေရှိရာမကွေးမြို့လေးကိုပြောင်းလာခဲ့တယ်....လမ်းတစ်လျောက်မြင်ကွင်းတွေကိုကားမှန်ပြတင်းကနေတစ်ဆင့်ငေးနေခဲ့ရင်း..သူဟာအတွေးတွေများနေခဲ့တယ်...
မကွေးမြို့မှကြိုဆိုပါ၏..
ကားဂိတ်ကနေတစ်ဆင့်မီနီအိုးဝေလေးငှားပြီး အဘွားနေတဲ့ရပ်ကွက်သို့...
အိမ်ရှေ့မှာရပ်လိုက်ကာ အထုပ်တွေချရင်းသူဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်..
" လာ သား "
မေမေခေါ်တော့သူအကြည့်တွေကိုရုတ်သိမ်းလိုက်ရင်းအဘွားဆိုသူ၏အိမ်ကိုကြည့်လိုက်တယ်...
အုတ်ခံပျဥ်ထောင်အိမ်လေးက
မကျဥ်းမကျယ် ...
လမ်းမကြီးနဲ့ကပ်ရပ်လမ်းသွယ်ဘေးကပ်ရပ်ကထောင့်မလို့နေရာကောင်းတစ်ခု...အိမ်ရှေ့မှာပန်းပင်အချို့စိုက်ထားသေး၏အိမ်ထဲကသူနဲ့ရွယ်တူကောင်မလေးထွက်လာပြီး...
" ဘွားကြီးရေ အန်တီနွယ်တို့လာပြီ..
လာအန်တီနွယ် ကိုကိုကောဘဲ.."
" သားညီမလေး..."သူကြောင်အနေသည်ကိုမေမေကသိသည့်အလားပြောပြ၏..
သူခေါင်းညိမ့်ကာအထုပ်တွေကိုဆွဲရင်းအိမ်ထဲဝင်ခဲ့တယ်..
ဧည့်ခန်းလို့ထင်ရတဲ့အခန်းလေး
ကျွန်းဆက်တီခုံပေါ်သူဝင်ထိုင်လိုက်တယ်...
ဘေးက ကပ်ရပ်အခန်းကနေထွက်လာတဲ့သူဟာ သူ့အဘွားနန်းခေး..
ရှမ်းလူမျိုးဖြစ်တဲ့ဘွားဘွားဟာ
အသားအရည်ကဖြူဖွေးကာ
အရွယ်တင်နေ၏...
သူ့အသားအရည်ကဘွားဘွားဆီကအမွေရတယ်ထင်ပါရဲ့..
သူလည်းထရပ်တော့..
ဘွားဘွားကလက်ကာပြကာ.." ရတယ် ထိုင် ထိုင် "
သူလည်းခုံမှာနေရာတကျဝင်ထိုင်ရင်း ဘွားဘွားကလည်ချောင်းတစ်ချက်ရှင်းကာစပြောတော့တယ်..
" နွယ်မြတ်သစ္စာ နောက်ဆုံးတော့အမေကိုရှိမှန်းသိသေးတာဘဲ.."