part 2

8 0 0
                                    

ချစ်သော ပို၍ချစ်သော

မြှားနတ်မောင် နဲ့ သူရိန် တို့နှစ်ယောက် ပန်းမြတ်အိမ်နဲ့ခပ်လှမ်းလှမ်းကနေစောင့်နေတယ်..
ဟုတ်တယ်လေအိမ်ရှေ့သွားစောင့်လို့မတော်တစ်ဆ အဘွားကြီးထွက်လာရင်အလကားနားပူခံရအုန်းမယ်

သိပ်မကြာခင်မှာဘဲပန်းမြတ်ထွက်လာ၏..သူတင်မဟုတ် သူ့ဘေးက..

ဆံပင်ကောက်လိုင်းလေးတွေကခပ်အုပ်အုပ်..အဖြူရောင်တီရှပ် ကာကီရောင်ဘောင်းဘီရှည်နဲ့ ကောင်လေး.
ဟုတ်တယ်!! ကောင်လေး
ယောကျာ်းလေးတစ်ယောက်ကထိုမျှလှနေရသလား...

သူတို့လည်းပန်းမြတ်ရှိရာကိုသွားတော့..အနီးကပ်မြင်လိုက်ရတဲ့ခဏ
အသက်ရှူဖို့ တောင်မေ့ရော့သွားသလို ထိုလောက်ထိဖမ်းစားထားပါသည်...

🥀🥀🥀🥀🥀

"ကျွန်တော့်နာမည်ကမြှားနတ်မောင်
ကိုကိုကနာမည်ကရှည်လို့မခေါ်ချင်ဘူးဆိုရင် မောင် လို့ခေါ်ပါ့လား.."
" ဟင်!!"

ဂန္တဝင်အံ့သြသွားသလို..ဘေးကနှစ်ယောက်ကပါပါးစပ်လေးတွေဟလို့..

" သြော် အင်း .."

သူကြောင်အစွာပြန်ပြောမိတော့ မြှားနတ်မောင် ကရယ်ကာ...

" ဒါဆိုမောင်လို့ခေါ်နော် ကိုကို "

သူပြောစရာများပျောက်ရှသွား၏..
သူ့ထက်ငယ်တဲ့ကောင်လေးကသူ့ကို..
???

" မောင်မောင်! !"
" သွားရအောင်လေငါမုန့်လိုက်ဝယ်ကျွေးမယ်.."

ပန်းမြတ်စိတ်ဆိုးကာအော်လိုက်ပေမယ့် မြှားနတ်မောင် ကဘယ်လိုမှမနေ..
အေးလေ..မြှားနတ်မောင် ဆိုတာ ပြောမရဆိုမရ..စကားကတ်သတ်ပြောတဲ့သူ..

" ကိုကိုအနောက်တက်လိုက်..ပန်းမြတ်နင်းမယ်.."
" ဟင် ကိုကိုကစက်ဘီးမစီးတတ်ဘူးလား.."

နေရာတကာပါပြန်ပြီဆိုတဲ့အကြည့်နဲ့ပန်းမြတ်ကြည့်ပေးလိုက်‌ေသာ်လည်းမမှု..

" ကျွန်တော့်နောက်ကတက်..သူရိန်မင်းစက်ဘီးငါ့ကိုပေး.."
" သြော် အေး "

မြှားနတ်မောင် နောက်ကထိုင်ခိုင်းမလို့ပေမယ့်သူ့စက်ဘီးကပြိုင်ဘီးအမျိုးအစားမလို့နောက်ထိုင်ခုံမပါ..

ချစ်သော ပို၍ချစ်သောWhere stories live. Discover now