"အီဆော့မင် မှန်မှန်လိမ်စမ်းပါ !!"
"ဟာ ငါအမှန်တိုင်းပြောနေတာ ပန်းရောင်ပဲရှိသေးတယ်လို့"
"အဲ့တာဆို ဒီသွေးစွန်းနေတဲ့အဖြူရောင်ပွင့်ဖတ်တွေကရော ဟမ် ဘယ်ကရောက်လာတာလဲ !!"
"အေး ဟုတ်တယ်ကွာ အဖြူရောင်ပွင့်ဖတ်တွေအန်နေတာကြာပြီ !!"
မြောင်ဟိုတစ်ယောက် ဆော့မင်ရဲ့ အကျီကော်လံအစကို ဆွဲကိုင်ကာ ဆော့မင်ရဲ့မျက်ဝန်းတွေထဲ သေချာစိုက်ကြည့်သည်။ တောက် တစ်ချက်သာခေါက်ရင်း သူ့အိတ်သူကောက်ယူကာ ဘာမှမပြောပဲ ထွက်သွားသောမြောင်ဟို့ကို မင်ဂယူလဲ လိုက်မတားနိုင်ခဲ့။
Convenience store မှ အထုတ်ကြီးအထုတ်ငယ်ဖြင့်ပြန်လာသော မင်ဂယူကို မြောင်ဟိုနဲ့ ဆော့မင်က အော်ဟစ်ရန်ဖြစ်ခြင်းနဲ့ ကြိုဆိုတယ်။
"ဆော့မင်"
"ဟင်?"
မျက်ရည်အဝဲသားနဲ့ ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်နေတဲ့ ဆော့မင်က ခပ်လှမ်းလှမ်းက တစ်ယောက်ထိုင်ဆိုဖာပေါ် ကျောက်ရုပ်လိုထိုင်နေတဲ့ မင်ဂယူကို ခေါင်းထောင်ကြည့်သည်။
"လွန်ခဲ့တဲ့ငါးရက်က မင်းမေ့လဲသွားသေးတယ် အဲ့တုန်းက ရေချိုးခန်းထဲက အဖြူရောင်ပွင့်ဖတ်တွေကိုဘယ်သူရှင်းခဲ့လဲသိလား"
"မင်းလား"
"အွန်း ငါနဲ့ ဂျောင်ဟန်ဟျောင်းနဲ့"
တိတ်ဆိတ်သွားသော လေထုက အစားထိုးဝင်ရောက်တယ်။ မသိစေချင်တဲ့သူတွေသိသွားတဲ့အခါ ဆော့မင်က ခြောက်ကပ်ကပ်ရယ်တယ်။
"မပြောပြဖို့ မရည်ရွယ်ခဲ့ဘူး"
"ဒါပေမဲ့ ငါတို့ရိပ်မိခဲ့တယ်လေ ဆော့မင်"
"တောင်းပန်ပါတယ်"
"မြောင်ဟိုကိုပြောရမဲ့စကားကို ငါ့ကိုလာမပြောနဲ့ ဆော့မင်"
"ငါသူ့ကိုသေချာရှင်းပြလိုက်မယ် ဂယူ"
'တီး တောင်'
တံခါးဝကနေထွက်ပေါ်လာတဲ့ bell သံကြောင့် မင်ဂယူနဲ့ ဆော့မင် တစ်ယောက်ကိုတစ်ယောက်ပြိုင်တူကြည့်မိလိုက်တယ်။ မြောင်ဟိုသာဆိုရင် သူ့ဟာသူဝင်လာလို့ရတာပဲမဟုတ်လား။
YOU ARE READING
SVT OTPs OS
FanfictionAll OTPs available ! Mostly drama and fluffy hehe. Written in burmese. It can be read in both Zawgi and Unicode. Hope you enjoy~