- Unicode
"ဒိုဂယောင်းရား အဆင်ပြေလား ဟင် ဘယ်လိုဖြစ်-"
ဘေစင်မှာ အန်နေတဲ့ ဒိုဂယောင်းက ခေါင်းကိုအသာမော့ကို အသံကိုတိုးဖို့ လက်ဟန်ဖြင့်ပြသည်။ ဘယ်လိုဖြစ်ပြီး အီဒိုဂယောင်းက သောက်ကျိုးနည်းပွင့်ဖတ်တွေကို အန်နေတာလဲ !!
ဆက်အန်နေဆဲဖြစ်တဲ့ ဒိုဂယောင်းကို မင်ဂယူ
သက်သာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျောပြင်ကို အသာအယာပုတ်ပေးတယ်။ နှုတ်ခမ်းပေါ်က သွေးစတွေကို တစ်ရှူးနဲ့သုတ်ကာ ပန်းနုရောင်ပွင့်ဖတ်တွေကို အမှိုက်ပုံးထဲ မတုန်မလှုပ် ထည့်နေတဲ့ ဒိုဂယောင်းက ဒီအခြေအနေကို ဖြတ်သန်းနေကျလူလိုမျိုး ပြုမူတယ်။စီးကျနေတဲ့မျက်ရည်တွေကိုလဲ သုတ်ဖို့ အလားအလာမရှ်ိတဲ့အပြင် သူ့ကိုဘာမှမပြောပဲ
အသက်ဝအောင်သာရှုနေတာမလို့ မင်ဂယူ ဘာမှမေးခွန်းမထုတ်ပဲ ငြိမ်နေလိုက်မိသည်။"Hanahaki ရောဂါ"
"ဟမ်"
"ကိုယ်ချစ်ရတဲ့သူက ကိုယ်မဟုတ်တဲ့အခြားသူကို
ချစ်နေတဲ့အခါ ခံစားရတဲ့ရောဂါ။ သူတို့ကိုမြင်ရတိုင်း ပွင့်ဖတ်တွေအန်မယ်။ အဆုတ်နဲ့ နှလုံးမှာ ပန်းပင်ပေါက်တာတဲ့။ သေနိုင်တဲ့အထိပြင်းထန်တယ်"နောက်ဆုံးစကားကိုကြားရတဲ့အခါ မင်ဂယူက
ယောင်ယမ်းပြီး ဒိုဂယောင်းလက်မောင်းကို ဆုပ်ကိုင်မိသည်။"ကုလို့ရတယ်မလား"
"ရတယ် ဒါပေမဲ့ ငါ မလုပ်ချင်ဘူး"
"ကုလို့ရရဲ့သားနဲ့ မင်း ဘာလို့မကုတာလဲ!"
"မင်းသာဆိုရင်ရော မင်းချစ်ရတဲ့မြောင်ဟိုကိုမေ့သွားနိုင်တဲ့ ကုသမှုမျိုးကို လုပ်မှာလား မင်ဂယူရား?"
"ငါ ... ငါ ... "
"ဒါပါပဲ ဂယူ ငါတို့ အချစ်ကိုမလွန်နိုင်ဘူးမလား ဒီကိစ္စကို မင်းရယ် ငါရယ် နှစ်ယောက်ပဲသိပါစေ အခြားသူတွေကိုမသိစေချင်ဘူး အထူးသဖြင့် .... အထူးသဖြင့် ... "
ဒိုဂယောင်းရဲ့အသံတွေဟာ တုန်တတ်လာတာမလို့ မင်ဂယူ ခေါင်းကိုငုံထားရာမှ အလန့်တကြားမော့ကြည့်မိတယ်။ တရစပ်စီးကျနေတဲ့မျက်ရည်တွေကြောင့် ပွေ့ဖက်ထားမိတော့ အားကိုးတကြီး
ဖက်တွယ်တဲ့ လက်တွေ။
YOU ARE READING
SVT OTPs OS
FanficAll OTPs available ! Mostly drama and fluffy hehe. Written in burmese. It can be read in both Zawgi and Unicode. Hope you enjoy~