''အသွင်ဘာဖြစ်တာလဲ"
''ဟို ဟိုနားမှာ"
''အွန်းဘာဖြစ်တာလဲလို့"
''ပိုးဟပ်တွေ့လိုက်လို့"
''ဘယ်မှာလဲအခု ပိုးဟပ်က"
''ပျံ့သွားပြီးဟီး"
''ကို့မှာဖြင့်လန့်လိုက်တာအသွင်ရယ် ဘယ်နှဲ့ အကျယ်ကြီးထအော်ရတာတုန်း"
''လန့်သွားလို့ပါဆိုနေ"
''မမသွင်ကကြောက်တတ်တာလားနော် မသိရင် ကင်းကိုက်တာကျနေတာဘဲ"
''ဘာ!"
သ၀န်တိုပြီးစွာနေတာလေးကို ဆက်အာဏာစိတ်ထဲကျေနပ်နေသည်။
''ဟိုလေ နွယ်ပြောချင်တာက ကင်းကိုက်လို့အော်သလိုဖြစ်နေလို့ စိတ်ပူပြီးမေးတာပါ"''ရတယ် နင်စိတ်ပူစရာမလိုဘူး"
''ဘယ်လိုပြောလိုက်တာလဲအသွင် ဒါငါ့မိန်းမနော်"
''ကိုကိုကလည်းအသွင်ကဒီတိုင်းပြောလိုက်တာပါ"
''အေး ဒါဆိုမင်းနေခဲ့တော့"
''နွယ်ခဏလေး ကိုဆက်သွားပါ နွယ်နဲ့ပြောစရာလေးရှိလို့အသွင်က"
''အေးဟုတ်ပြီ"
''ဒီမှာနွယ်"
''ဟုတ်ပြောပါ မမသွင်"
စကားနားထောင်သယောင်ယောင်ဖြင့် မျက်နှာထားကတော့သ၀န်တိုဟန်အပြည့်ပေါ်နေသောနွယ့်အား ပညာသားပါပါချေပရန် အနားတိုးလိုက်ပြီး''မင်းက ကိုဆက်အာဏာမိန်းမဆိုပေမယ့် မင်းကိုမချစ်ဘဲယူထားတယ်ဆိုတာမင်းသိတယ်ဟုတ်"
''မင်းကို တရွတ်တိုက်ဆွဲခေါ်လက်ထပ်လိုက်တာကော် မင်းမမေ့သေးဘူးမလား"
''ဟင် မမသွင်ကဘယ်လိုသိတာလဲ ဒါတွေ ဦးဆက်ပြောပြတာလား?"
''ဒါပေါ့ ကိုဆက်ကငါ့ကိုပြောသေးတယ် မင်းကိုမကြာခင်ကွာပြီး ငါနဲ့ကလေးယူဖို့စီစဉ်ထားတယ်တဲ့"
''ရှင် ဒါတွေဟာတကယ်ဘဲလား"
နွယ့်ရင်ထဲစို့နင့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။''ဟုတ်ပါပြီ ဒါဆိုလဲနွယ်အမြန်ဆုံးကွာဖို့ကြိုးစားပေးပါမယ် အမတို့လဲအိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ"
YOU ARE READING
𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချို
Romance''ငါမင်းကိုချစ်မိလေ မင်းပိုနာကျင်စေရလေဘဲ ထိပ်ထားနွယ်" ''မင်းအမြဲနာကျင်ရမယ်လို့ ဆက်အာဏာဆိုတဲ့ငါ့ရဲ့ကတိဘဲ" BDSM typeမို့ 21ပြည့်မှဖြစ်ပေးပါလို့တောင်းဆိုချင်ပါတယ် Start Date🥀 ~4.10.2023 End Date🥀 ~