ep_1

4 2 0
                                    

ဝမ်ကောင်လေးငယ်

အပိုင်း  -၁

ကျွန်တော်ရဲ့ချစ်ခြင်းကအများပြောတဲ့
မြင်မြင်ခြင်းအချစ်ပါလား
ကောင်လေးနဲ့တွေ့တဲ့တခဏ
ကျွန်တော်ကမ္ဘာကြီး၃စက္ကန့်လောက်
ရပ်တန့်သွားသလိုပဲ

____________________________________

  အညိုရောင်အဖုံးလေးနဲ့
ကျွန်တော်ရဲ့ဒိုင်ယာရီစာအုပ်လေးကို
တစ်ရွက်ချင်းလှန်လိုက်တဲ့
ပထမဦးဆုံးစာမျက်နှာမှာရှိတဲ့စကားလုံးက
"ဝမ်ကောင်လေးငယ်"တဲ့ အင်းပြောရမယ်ဆိုရင်
ဒိုင်ယာရီရေးတဲ့အကျင့်မရှိတဲ့
ကျွန်တော်ကဝမ်ကောင်လေးငယ်ကို
တွေ့တဲ့နေ့ကစဒိုင်ယာရီရေးတတ်လာတယ်။

ပြောရမယ်ဆိုရင်သူ့ကို
ဘယ်လောက်ချစ်ကြောင်းပေါ့
ကောင်လေးငယ်နဲ့ကျွန်တော်နဲ့က
ဆောင်းရာသီရဲ့မနက်ခင်းမှာပေါ့
အေးချမ်းလွန်းတဲ့ဆောင်းရာသီမှာ
မားကစျေးသွားဝယ်ခိုင်တာကြောင့်
စက်ဘီးနဲ့သွားရင်း
ကောင်လေးငယ်ကိုတိုက်မိမလိုဖြစ်သွားတယ်
ကောင်လေးငယ်ကသူ့ကိုတိုက်မိမလိုဖြစ်လို့
စိတ်တိုသွားပုံပါ "ဒီမှာလူတစ်ယောက်လုံးကို
မမြင်ရအောင်
စိတ်တွေကဘယ်ရောက်နေတာလဲ"
ဟုပြောတဲ့ကောင်လေးငယ်က
ပါးဖောင်းဖောင်းလေးတွေရယ်
နူတ်ခမ်းထော်ထော်လေးနဲ့အူယားစရာပါ
ကောင်လေးငယ်ရဲ့ချစ်ဖို့ကောင်းမှုကိုတွေးနေတုန်း
ဘေးကအတော်လှတဲ့အန်တီက
"သားကလည်းကွယ်ကိုကို ကိုအဲလိုမပြောရဘူးလေ"
လို့​ပြောတဲ့အန်တီလှလှကကောင်လေးငယ်
ရဲ့မားဖြစ်ပုံရတယ်တူညီနေတဲ့
ပါးဖောင်းဖောင်းလေးတွေက
ကောင်လေးငယ်ကအန်တီလှလှဆီက
အမွေရတာထင်တယ်မျက်လုံးတွေက
ကောင်လေးငယ်ဆီကနေမခွါနိုင်ဖြစ်နေတုန်း
"မားဒီလူကစကားမပြောတတ်ဘူး
ထင်တယ်နော်ဝမ်တို့ကိုပြန်လည်းမပြောဘူး"
"သြော်သားကလည်းကိုကို ကို  အဲဒါနဲ့သားကဘယ်သွားမလို့လည်း"
"ဟုတ်အန်တီသားကိုမားကစျေးဝယ်ခိုင်းလို့
ပါသားကအန်တီတို့ကိုမမြင်လိုက်လို့ပါ
သားတောင်းပန်ပါတယ်အန်တီ ကောင်းလေးငယ်ကိုရော
ကိုကိုတောင်းပန်ပါတယ်နော်"
"ဘာကောင်လေးငယ်လည်းသူများကို ဟွန့် ကောင်လေးငယ်မဟုတ်ဘူးဗျဝမ်ရိပေါ်သိလား!
"အင်းပါကိုကိုကဝမ်ကောင်လေးငယ်လို့
ခေါ်ချင်တယ်ရမလား
ဝမ် ကောင်လေးငယ်"
"ခေါ်နဲ့မကြိုက်ဘူး "
ကျွန်တော်တို့အငြင်းပွါးနေတုန်း
မားကခြံပြင်ထွက်ပြီး
ကျွန်တော်ကြာလို့ထင်တယ်လိုက်လာပြီး "ရှောင်ကျန့်နင်ဒီနေ့စျေးရောက်အုံးမှာလား အယ်ဒါနဲ့ကလေးကိုအနိုင်ကျင့်နေတာလားရှောင်ကျန့်"
ပြောရင်းခြံပြင်ထွက်လာတဲ့
မားကအံ့သြနေတဲ့မျက်လုံးတွေနဲ့
အန်တီလှလှကိုကြည့်ရင်းနူတ်ဖျားမှလည်း"နင် နင်ဝမ်လျန့်ဟုတ်တယ်မလားဟင်"
မားအသံကြားမှအန်တီလှလှကလည်း
မျက်ဝန်းမှာမျက်ရည်တွေနဲ့
"ရှောင်မိန်သူငယ်ချင်းနင်ဟုတ်တယ်မလား"လို့
ပြောရင်းမားနဲ့အန်တီက
တစ်ယောက်ကိုတစ်ယောက်ထွေးပွေ့လိုက်ကြပြီး"
နင့်ကိုငါမတွေ့ရတော့ဘူးထင်နေတာ
ဝမ်လျန်ရာဒါနဲ့ဘယ်လိုဖြစ်ပြီး
ဒီမြို့ကိုရောက်လာရတာလည်း 
"အွန်းပြောရမှာတော့နည်းနည်းရှည်တယ်
ရှောင်မိန်ရာသားရဲ့ပါးပါးက
ဒီကိုရုံးပြောင်းထိုင်တော့မှာမို့ငါနဲ့သားက
အိမ်ကိုအရင်ရောက်လာတာအကိုက
ရုံးကလာမှာမို့စောင့်နေတာဒီကသားလေးနဲ့ဆုံတာပဲ အာဒါနဲ့သားရှောင်းကရှောင်မိန်သားပေါ့"
"အင်းဟုတ်တယ်ဒီပါးဖောင်းဖောင်းနဲ့
ကောင်လေးကရော
ဝမ်လျန့်သားလေးလားချစ်စရာလေး"
"ဟုတ်ပါတယ်ဗျသားကမားဝမ်လျန့်ရဲ့
တစ်ဦးထဲသောသားလေးဝမ်ရိပေါ်ပါဗျ"
အန်တီတောင်မဖြေရသေးဘူး
ကောင်လေးငယ်ကဝင်ဖြေလိုက်တယ်
အဲဒီနေ့ကစကောင်လေးငယ်
ကျွန်တော်ရင်ဘက်ထဲကိုဝင်လာတာ
အင်းပြောရမယ်ဆိုရင်ဒိုင်ယာရီက
အခုမှစရေးနေတာကောင်လေးငယ်နဲ့
စတွေ့တဲ့အကြောင်းစာရေးနေတုန်း
"သားကျန့်ညစာစားရအောင်"
မားရဲ့ညစာစားဖို့ခေါ်သံကြောင့်
အောက်ထပ်ကိုဆင်းလာလိုက်တယ်
"သားစာတွေလိုက်နိုင်လား
လိုအပ်တာရှိရင်ပါးကိုပြောနော်"
"ဟုတ်ပါးသားစာတွေလိုက်နိုင်ပါတယ်"
"အော်ဒါနဲ့အကိုဝမ်လျန့်တို့
ပြန်ရောက်လာပြီသိလား"
"အင်းသိပြီးပြီဝမ်ချန်ဖုန်းဆက်တယ်
ရှယ်ယာကိစ္စပြောရင်းနဲ့"
"ပြီးတာပါပဲသိရင်တော့
သူတို့ပြန်ရောက်လာတော့
တို့မိသားစုနှစ်ခုပျော်ပျော်ရွင်ရွင်နေရတာပေါ့ အွန်းဒါနဲ့သားဝမ်လေးကသားတို့
ကျောင်းပြောင်းလာတာမို့
မနက်ကျောင်းသွားရင်
ခေါ်သွားအုံးကလေးကိုသိလားသား"
"ဟုတ်မားသားခေါ်သွားလိုက်ပါ့မယ်ဝမ်လေးကို"
အင်းကောင်လေးငယ်နဲ့
အတူတူမနက်ကျောင်းသွားရတော့မယ်
ပျော်လိုက်တာစိတ်ထဲ
တကိုယ်တည်းရေရွက်ရင်း
အပေါ်ထပ်အိပ်ခန်းဆီသို့

ဒီညတော့ရှောင်းကျန့်အိမ်မက်တွေလှပနေတော့မှာပင်---------

____________________________________________

ကိုယ်ချစ်ရမြတ်နိုးရတဲ့သူနဲ့
အတွေ့လေးဖြစ်ဖြစ်
အငွေ့လေးဖြစ်ဖြစ်
ပတ်သတ်ခွင့်လေးက
အိမ်မက်လေးဖြစ်နေမယ်
ဆိုရင်တောင်
ဘယ်သူအဲဒီအိမ်မက်ကနေ
နိုးထချင်မှတဲ့လည်း

မကောင်းရင်သည်းခံပေးကိုယ့်အချစ်တို့

  ဝမ်ကောင်လေးငယ်🌻Where stories live. Discover now