ဝမ်ကောင်လေးငယ်
အပိုင်း-၂
စတွေ့တုန်းကအစွာလေး
ထင်နေတာ ကျောင်းရောက်တော့
goolguyလေးပါလား_________________________________
နွေးထွေးတဲ့နေရောင်ခြည်လေးက
အစိမ်းရောင်မွေ့ယာပေါ်မှာအိပ်စက်နေတဲ့
ကောင်လေးငယ်ရဲ့ပါးပြင်နုနုပေါ်
ကျရောက်နေပြီးထိုကောင်လေးငယ်ကတော့
သိရဲ့သားနဲ့မျက်နှာကိုလက်နဲ့ပြန်ကာပြီး
ဆက်အိပ်ဖို့ကြိုးစားနေပါတယ်"သားငယ်ထတော့လေ
ကျောင်းသွားရတော့မှာအောက်မှာ
ကိုကိုစောင့်နေတယ်ကျောင်းသွားဖို့ပြင်တော့သား"
"ဟုတ်မားငါးမိနစ်လောက်ပဲ "
"မရဘူးနော်ဝမ်ရိပေါ်
မင်းငါးမိနစ်ကငါးနှစ်လောက်ကြာတာအခုထတော့ " "ဟုတ်မားငါးမိနစ်ပြည့်ပြီ
သားထပြီသားရေချိုးပြီးရင်ဆင်းလာခဲ့မယ်နော်မား " "အင်းပါမားသွားပြီ"
ဝမ်ရိပေါ်လည်းအိပ်ယာထပြီး
ကျောင်းသွားဖို့ပြင်ဆင်လိုက်တယ်
ဒေါ်ဝမ်လျန့်အောက်ထပ်ဆင်းလာတော့
ဧည့်ခန်းမှာထိုင်နေတဲ့
ရှောင်ကျန့်ကိုပြုံးပြရင်း "သားကျန့်သားဝမ်လေးက
ခဏနေဆင်းလာလိမ့်မယ်နော်
သားမနက်စာစားလာခဲ့ပြီးပြီလား
မစားရသေးရင်သားဝမ်လေးနဲ့
အတူတူစားသွားနော်အန်တီတို့ကို
အားမနာနဲ့နော်သား"
"ဟုတ်အန်တီကရောစားပြီးပြီလားဗျ " "အန်တီတို့ကစားပြီးပြီ"
"ဟုတ်အန်တီကျေးဇူးပါသားအဲတာဆို
ဝမ်လေးနဲ့မနက်စာစားဖို့စောင့်နေလိုက်တော့မယ်" "အင်းအဲဒါဆိုအန်တီခြံထဲသွားအုံးမယ်နော်"လို့
ပြောရင်းထွက်သွားတဲ့
အန်တီဝမ်လျန့်ကိုကြည့်နေတုန်း
လှေကားနားကခြေသံကြောင့်
ဝမ်လေးဆင်းလာပြီထင်တယ် "ဒီမှာဟေ့လူအနောက်ဘက်ပဲကြည့်မနေနဲ့
မနက်စာစားမှာမလားစားပြီးကျောင်းသွားမယ် " "အင်းဝမ်ကောင်လေးငယ်ပြောတဲ့
အတိုင်းမနက်စာစားပြီးကျောင်းသွားကြမယ် " "အာခေါ်ပြန်ပြီအဲနာမည်မခေါ်ပါနဲ့ဆိုဗျာ"
"အဲဒါဆိုကိုကိုကဘယ်လိုခေါ်ရမလည်း "
"ဝမ် ဝမ်လေးလို့ခေါ်ရင်ရပြီ အင်းဒါနဲ့ခင်ဗျားကိုရော
ဘယ်လိုခေါ်ရမလည်း
ကျန့်ကောလို့ခေါ်ရမလား" "အင်းဝမ်လေးခေါ်ချင်သလိုခေါ်ပါ
ကိုကိုလို့ခေါ်ရင်ပိုကြိုက်တယ် "
ကျွန်တော်ပြောလိုက်တော့
ကောင်လေးငယ်ကခဏမှင်သတ်သွားပြီး
"ကျန့် ကျန့်ကောလို့ပဲခေါ်မယ်နော်"
"အင်းဝမ်လေးအဆင်ပြေသလိုခေါ်ပါ အော်ဒါနဲ့ကောတို့ကျောင်းသွားကြစို့
အတန်းနောက်ကျနေလိမ့်မယ် " "ဟုတ်ကျန့်ကောသွားကြစို့" ဒီလိုနဲ့ကျောင်းကိုကားအတူစီးပြီး
ထွက်လာလိုက်တယ်
ကျောင်းရောက်တော့ကောင်လေးငယ်နဲ့
ကျွန်တော်ကားပေါ်ကအဆင်း
မိန်ကလေးတွေရဲ့ဝိုးဆိုပြီးအော်သံတွေကြားရတယ်
ကျွန်တော်ကနေ့တိုင်းကြုံတွေ့ရလို့
ရိုးနေပေမဲ့ကောင်လေးငယ်အတွက်တော့
အထူးအဆန်းဖြစ်နေလိမ့်မယ်ထင်နေပေမဲ့
ကောင်လေးငယ်ကတော့မျက်နှာတည်တည်နဲ့
ဘာမှဂရုမစိုက်ပဲ"ကျန့်ကောကျွန်တော်ကို
ပထမနှစ်တက်ရမဲ့အဆောင်ကိုလိုက်ပို့ပေးအုံး ပြီးတော့ထမင်းစားချိန်မှလည်း
ကျွန်တော်ကိုလာခေါ်အုံးကျောင်းနဲ့
မရင်းနှီးသေးလို့သိလားလို့ကျန့်ကော"
ချွဲသလိုပြောနေတဲ့ကောင်လေးငယ်ကြောင့်
အသိလွတ်သလိုဖြစ်သွားတော့ "ကျန့်ကော!လို့
ကောင်လေးငယ်ရဲ့စိတ်မရှည်တဲ့အော်သံကြောင့်
အသိပြန်ဝင်လာပြီး
"အင်းကောလိုက်ပို့မယ်သွားကြစို့"
အဲအချိန်မှာဘေးနားကကောင်မလေးတွေက
"ဟယ်စီနီယာနောက်ပါလာတာ
စီနီယာညီလေးလားမသိဘူးချစ်စရာလေး
သူ့အကိုကိုချွဲနေတာများဒါပေမဲ့ခုဏက
သူတို့စကားပြောနေတုန်း
ငါတို့ပျောက်သွားသလိုခံစားရတယ်" "ဟုတ်တယ်နော်ကျောင်းသားသစ်က
အချေလေးထင်တယ်
အင်းချောတာကတော့စီနီယာပြီးရင်သူပဲ"
"ကဲတော်ကြတော့အတန်းသွားတက်ရအောင်"
ပြောရင်းကောင်မလေးတစ်စု
အသီးသီးအတန်းတက်ဖို့ထွက်ခွါသွားတော့တယ်ပထမနှစ်ကျောင်းဆောင်ရောက်တော့ကောက
"ဝမ်ငယ်ဒါကကောတို့ကျောင်းရဲ့
ပထမနှစ်ဆောင်ပဲဝင်သွားလိုက်နော်
ကောတံခါးနားကကြည့်နေမယ် အတန်းဆင်းရင်ကောလာစောင့်နေမယ်နော်"
"ဟုတ်ကောအဲတာဆိုဝမ်သွားပြီနော်ကော"
ကောင်းလေးငယ်အတန်းထဲဝင်ပြီး
ခုံပေါ်ထိုင်ကာကျွန်တော်ကိုလှမ်းရီပြကာ
လက်ပြနေတဲ့ကောင်လေးငယ်ကြောင့်
ကျွန်တော်ပြန်ပြုံးပြရင်း
ပထမနှစ်အဆောင်ကနေ
နောက်ဆုံးနှစ်အဆောင်ဘက်ကို
လှမ်းထွက်ခဲ့လိုက်တယ်
အတန်းထဲရောက်တော့တွေ့ပါပြီ
ကျွန်တော်သူငယ်ချင်းတွေ
ကျန်းချန်သူကကျွန်တော်ကိုမေးငေါ့ရင်း
"ဟိတ်ကောင်ရှောင်းခုဏက
ကောင်လေးကဘယ်သူလည်း
မင်းညီလေးတော့မဟုတ်ပါဘူးနော်
မင်းတစ်ဦးတည်းသောသားမှန်းငါသိပြီးသား" "ဟုတ်တယ်ရှောင်းခုဏကဘယ်သူလည်း"
ထောက်ခံမေးလာသူဝမ်နင်ကြောင့် "အင်းငါ့ညီလေးမဟုတ်ပါဘူး
ဝမ်အိမ်တော်ကဝမ်ရိပေါ်ပါ"
"အေးပါဒါနဲ့နင်အကြည့်တွေက
မရိုးသားဘူးနော်ရှောင်း" ယန်းလီအပြောကြောင့်
ရှောင်းမျက်နှာနီရဲလာပြီး"မ မဟုတ်ပါဘူး" "ဟေးစမနေနဲ့တော့ယန်းလီ
ငါ့ကောင်ရှက်နေပြီအရှေ့မှာဆရာလည်းလာပြီ" ကျန်းချန်စကားကြောင့်
အားလုံးငြိမ်သွားပြီးစာသင်ရန်သာ
အာရုံစိုက်ကြရတယ် ´ဟူးတော်ပါသေးတယ်ဆရာရောက်လာလို့´
ရှောင်ကျန့်စိတ်ထဲဆရာကို
အတော်ကျေးဇူးတင်သွားတယ်
အင်းကောင်လေးငယ်ကိုချစ်နေတာ
ငါ့မျက်ဝန်းတွေကအရမ်းသိသာလွန်းနေလား
အတွေးရေယာဥ်ကြောရပ်ကာ
ရှောင်းတစ်ယောက်စာသင်ဖို့
သာအာရုံစိုက်လိုက်ပါတယ်**********____________________________________________
မင်းကိုချစ်နေတဲ့
ကိုယ့်မျက်ဝန်းတွေကို
မင်းကသာမသိတာ
ကောင်လေးငယ်
သူများတွေကတောင်
သိနေပြီ
အမှားပါရင်ခွင့်လွတ်ပေးပါနော်