ဝမ်ကောင်လေးငယ်
အပိုင်း-၃
ကောင်လေးငယ်က
ဆွဲအားပြင်းလွန်းတယ်
သူ့အပြုံးအောက်မှာ
ကျရူံးနေပြီ__________________________________
ကျန့်ကောထွက်သွားပြီးတော့
အတန်းထဲဝင်လာပြီးနောက်ဆုံးခုံမှာ
ဝင်ထိုင်လိုက်တယ်
ခဏနေတော့အတန်းထဲကို
ကျွန်တော်လိုဖြူဖြူသေးသေး
ကောင်လေးတစ်ယောက်ဝင်လာပြီး
ကျွန်တော်ရဲ့ဘေးနားဝင်ထိုင်ကာ
"ဒီကသူငယ်ချင်းခင်လို့ရလား
ကျွန်တော်နာမည်ကဖန်ရှင်းပါ" "အင်းခင်လို့ရပါတယ်ငါ့နာမည်ကဝမ်ရိပေါ်ပါ"
"အင်းအဲတာဆိုတို့သူငယ်ချင်းဖြစ်သွားပြီနော်ရိပေါ် "
"အတန်းဆင်းရင်ကန်တင်းအတူတူသွားရအောင်"
"အင်းသွားမယ်လေဒါနဲ့ငါကျန့်ကောကို
လာစောင့်ဖို့ပြောထားတယ် "
"အာမင်းပြောတာစီနီယာရှောင်ကျန့်လား"
"အင်းမင်းကျန့်ကောကိုသိတာလားဖန်ရှင်း"
"သိတာပေါ့စီနီယာကကျောင်းရဲ့kingလေ"အော်ကျန့်ကောကkingလား
အဲတာကြောင့်ငါတို့လာတော့
ကောင်မလေးတွေအော်နေတာကိုး
အင်းပြောသာပြောရတာ
ကျန့်ကောကအရမ်းချောတာကိုး
မျက်ဝန်းညိုလေးရယ်
နှာတံစဥ်းစဥ်းလေးနဲ့
ရယ်လိုက်ရင်ယုန်သွားလေးနဲ့
နူတ်ခမ်းဖူးဖူးလေးအောက်က
မှဲ့နက်လေးကဆွဲဆောင်မှုအကောင်းဆုံးပဲ"ရိပေါ်ဘာလို့ငြိမ်သွားတာလည်း"
"ဘာမှမဟုတ်ပါဘူးဒီအတိုင်းပါပဲ"
"အင်းပါအဲတာဆိုလည်းအရှေ့မှာဆရာလာပြီ"
ဆရာရောက်လာတာကြောင့်
ကျန့်ကောရဲ့ချောမောမှုတွေ
တွေးနေတာရပ်သွားတော့တယ်နေ့လည်ထမင်းစားချိန်
အတန်းဆင်းတော့ရှောင်ကျန့်တစ်ယောက်
အပြင်ထွက်ဖို့ပြင်နေတာကြောင့်
"ဟေ့ရှောင်းငါတို့နဲ့အတူတူ
မစားတော့ဘူးလားနေ့လည်စာက"
ယန်းလီမေးနေတာကြောင့်
"စားမှာပေါ့ဟငါဝမ်လေးကို
သွားခေါ်မလို့နင်တို့ကန်တင်းက
စောင့်နေကြငါတို့လာခဲ့မယ်"
"အေးပါဟငါတို့ကမသိလို့"
"အင်းပါကန်တင်းမှာဆုံမယ်ငါသွားပြီ"
သူငယ်ချင်းတွေကိုနူတ်ဆက်ပြီး
ခြေလှမ်းတွေက
ပထနှစ်အဆောင်ကောင်လေးငယ်ရှိရာသို့ဟောမြင်နေရပါပြီ
ကျွန်တော်ကောင်လေးငယ်က
အခန်းပြင်ဘက်ကဝရံတာဘက်မှာ
ဖြူဖြူကောင်လေးတစ်ယောက်နဲ့
စကားတွေပြောပြီးရယ်မောကာ
ပြုံးရွင်နေကြတယ်ဒါနဲ့
ကောင်လေးငယ်ပြုံးရင်
အရမ်းချစ်ဖို့ကောင်းတာပဲ
ရယ်လိုက်တိုင်းပါးမို့မို့လေးတွေနဲ့
ချစ်လိုက်တာကောင်လေးငယ်ကို
"ကျန့်ကောကျွန်တော်တို့ဒီမှာ"
ကောင်းလေးငယ်ရဲ့ခေါ်သံကြောင့်
ကျွန်တော်အသိစိတ်ပြန်ဝင်လာပြီး "အင်းဝမ်လေးလာကန်တင်းမှာ
ကောသူငယ်ချင်းတွေစောင့်နေပြီ ဒါနဲ့ဒီကညီလေးကဘယ်သူလည်း"
"အဲဒါကဝမ်သူငယ်ချင်းပါကျန့်ကောဖန်ရှင်းတဲ့"
"ဖန်ရှင်းဒါက ငါပြောတဲ့ရှောင်ကျန့်ကော"
"ဟုတ်ကျွန်တော်နာမည်ဖန်ရှင်းပါကော"
ကောင်လေးကမိတ်ဆက်နေတာမို့
"အကိုနာမည်ကရှောင်ကျန့်ပါ"
ကျွန်တော်တို့နှစ်ယောက်
လက်ဆွဲနူတ်ဆက်ပြီး
မိတ်ဆက်လိုက်တယ် "အဲဒါဆိုကန်တင်းကိုသွားကြစို့ကျန့်ကော"
"အင်းသွားကြမယ်လေ"ကန်တင်းရောက်တော့
ကျန့်ကောကကျဲကျဲတစ်ယောက်နဲ့
ကောနှစ်ယောက်ထိုင်နေတဲ့ဝိုင်းကို
ကျွန်တော်တို့ကိုခေါ်လာတယ် "ရှောင်းရာကြာလိုက်တာငါတို့ဗိုက်ထဲက
သံစုံတီးဝိုင်းမြည်နေပြီနော်"
"အေးပါယန်းလီရာငါက
ဖန်ရှင်းတို့နဲ့မိတ်ဆက်နေလို့ပါ"
"ဒီကမောင်လေးကဖန်ရှင်းလား"
" ဟုတ်ကျဲ"
"ကဲကျဲနာမည်ကတော့ယန်းလီ
ဒီဘက်ကတစ်ယောက်ကတော့ဝမ်နင် သူကတော့ကျန်းချန်တဲ့"
"ဟုတ်ကျဲအားလုံးတွေ့ရတာဝမ်းသာပါတယ်"
"ကျဲကျွန်တော်ကိုတော့သိတယ်မဟုတ်လား
သိတယ်မောင်လေးနာမည်ကဝမ်ရိပေါ်မလား"
"ဟုတ်ကျဲ"
"ဟေ့ယန်းလီနင်မိတ်ဆက်တာ
ပြီးအုန်းမှာလား
ထမင်းဘယ်နေ့စားရမှာလည်း"
"ကျန်းချန်မင်းငတ်တာငါသိတယ်"
"ဝမ်နင်မင်းကရောဘာထူးလည်း"
"စမနေနဲ့တော့မင်းတို့စားကြတော့
ဝမ်လေးရောဖန်ရှင်းရောစားနော်
အဲကောင်တွေကိုဂရုစိုက်မနေနဲ့"
ဒီလိုနဲ့ကျွန်တော်ရဲ့နေ့လည်စာက
ပါးဖောင်းဖောင်းနဲ့စားနေတာ
ကြည့်ရင်းကုန်ဆုံးသွားတယ်
အားလုံးစားပြီးတော့
ကိုယ်ဆီအတန်းတက်ဖို့
ကန်တင်းကနေထွက်လာလိုက်ကြတယ်ဒီလိုနဲ့ညနေအတန်းဆင်းချိန်
ရောက်တော့
ကောင်လေးငယ်တို့
အတန်းရှေ့စောင့်ရင်း
ကောင်လေးငယ်ထွက်လာတော့
သူငယ်ချင်းတွေနူတ်ဆက်ပြီးအိမ်ကို
သာပြန်လာလိုက်တော့တယ်
အိမ်ရောက်ရင်တော့ရေးရအုံးမယ်
ဒိုင်ယာရီမှာဒီနေ့ကောင်လေးငယ်
ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း___________________________________________
မင်းကိုချစ်ကြောင်းပြောလို့
ဒိုင်ယာရီလေးတောင်
ငြိုငြင်နေပြီ
ကောင်လေးငယ်ကောင်မလေးတွေကိုချစ်တယ်နော်