💖Don't Cry Mg💖

205 18 3
                                    


part...5

အင့်.....

နိုးရင်လည်းထတော့...

မောင် အသံကြောင့်အပျင်းကြောဆွဲဆန့်နေတဲ့
ဂျောင်ကုလက်တွေဟာလေထဲမှာပင်ရပ်တန့်သွား၏...

မောင်....

နောက်ဆိုအခေါ်အဝေါ်အပြောအဆိုဆင်ခြင်ပါ
ဂျောင်ကု..
မင်းနဲ့ငါ့ရဲ့ပတ်သက်မှုကလွန်ခဲ့တဲ့ (၃) နှစ်ကတည်းကပြီးခဲ့ပြီး...
ဒီနေ့ကစပြီးမင်းကငါ့အိမ်တော်ရဲ့ဝန်ထမ်း
တစ်ယောက်မို့အစစအရာရာဆင်ခြင်ပေးပါ...
အပြင်မှာဘယ်သူရှိလည်း ဝင်ခဲ့....

သူခဏလေးအိပ်ပျော်ပြီးပြန်နိုးလာတာနဲ့
မောင် ကပုံစံတစ်မျိုးပြောင်းသွားပြန်ပြီး..
နားလည်ရခက်တဲ့ မောင် စိတ်ကို
သူတကယ်သိချင်၏...
သူပေါ်ဆက်ဆံတဲ့ မောင်ရဲ့အပြုအမူကဘယ်လိုပုံစံကအမှန်များလည်း...

သူကိုခေါ်သွားလိုက်ဦးလေး
ဒီနေ့ကစပြီးသူကဒီအိမ်တော်ရဲ့
ဝန်ထမ်းဖြစ်သွားပြီးမို့အစအစအရာရာသင်ပြပေးလိုက်ပါ...

ဟုတ်ကဲ့ပါသခင်လေး
သွားရအောင်မောင်ရင်..

တရိပ်ရိပ်တက်လာတဲ့မျက်ရည်ဝတ်တွေကြား
မောင် ကိုလှမ်းကြည့်ကာသူအိမ်တော်ထိန်းနောက်ကနေလိုက်ပါသွားရ၏...

ဒါကမောင်ရင်နေရမဲ့နေရာပါ
ဒီမှာကဝန်ထမ်းတွေအားလုံးကမိသားစုဝင်တွေလိုနေတာမို့အိပ်တာကတော့အားလုံးခုလိုစုပြီးအိပ်ရတယ်..
ဒါကမိန်းခလေးအဆောင်ဘက်မှာလည်း
ဒီလိုပါပဲ...
ခုတော့မိုးလည်းချုပ်နေပြီးမို့မောင်ရင်ဝင်နားလိုက်ပါ
မနက်ကျမှလုပ်ရမဲ့တာဝန်တွေကိုပြောပြပါ့မယ်..

ကျေးဇူးတင်ပါတယ်ဦးလေး

အေးကွယ်..
မောင်ရင်လည်းဝင်နားတော့နော်...

ဟုတ်ဦးလေး..
ဂျောင်ကုလည်းအိမ်တော်ထိန်းအားခေါင်းလေးငုံကာနှုတ်ဆက်ပြီးအဆောင်ထဲဝင်ခဲ့လိုက်၏..
ကိုယ်ပိုင်အခန်းကျယ်ကြီးနဲ့နေခဲ့တဲ့သူကခုလိုအများကြားထဲဝင်အိပ်ရမည်ဆိုတော့
ဂျောင်ကုတွန့်ဆုတ်နေမိ၏....
၃ယောက်ပဲရှိတာကို...
အယောက်ရေတွက်ပြီးသူလည်းဘေးထောင့်ရှိနေရာလွှတ်ထဲဝင်လှဲမည်ပြုစဥ်....

💔Don't Cry Mg💔(season 2)Where stories live. Discover now