💖Don't Cry Mg💖

237 12 3
                                    


Part...8

အင့်....ဟင့်....

အခန်းထဲဝင်တာနဲ့ကြားလိုက်ရတဲ့ရှိုက်သံကြောင့်
ဂျောင်ကုအနားကိုအမြန်သွားလိုက်၏...

ခေါင်းစခြေဆုံးတစ်ကိုယ်လုံးလုံအောင်ခြုံထားတဲ့စောင်အားဖယ်ထုတ်ဖို့ကြိုးစားပေးမဲ့
အတင်းဆွဲထားတဲ့ဂျောင်ကုကြောင့်
အဆင်မပြေပေ

ဒီလိုကြီးမနေနဲ့လေ အသက်ရှုကြပ်နေမှာပေါ့

အီး...ဟီး...အင့်...
ဟင့်...လာမခေါ်နဲ့...
မုန်းတယ်...မောင်ကိုမုန်းတယ်..
အင့်...ဟင့်....

တအားကြီးမငိုရဘူးလေ..
ခေါင်းကိုက်နေလိမ့်မယ်....
ခဏနေဆန်ပြုတ်သောက်ပြီးဆေးသောက်ရအောင်နော်...

ယှဥ်ရွေးလာတိုင်းချန်ခံရတာသူပဲကို
လာပြီးကောင်းပြနေသေးတယ်....

ဘာပြောလိုက်တာလည်းဂျောင်ကု

ဘာမှမပြောပါဘူး...
နားနေဆောင်မှာပဲပြန်နေမှာမို့ခွင့်ပြုပါအုံး
သခင်လေး......

ကျစ်...ကျိန်းသေပေါက်
ဂျောင်ကုနှုတ်ဖျားဆီကတိုးတိုးလေးထွက်ကျလာတဲ့စကားကိုသူကြားလိုက်ပါတယ်...

ဒါတောင်ဘာမှမဟုတ်ဘူးဆိူတော့လည်း.....
မပြန်ရဘူး..ငါ့အခန်းမှာပဲအနားယူလိုက်..

မသင့်တော်ပါဘူးသခင်လေး
အလုပ်သမားတစ်ယောက်ကအိမ်ကြီးရှင်အခန်းထဲရှိနေတဲ့ဆိုရင်တခြားသူတွေပြောစရာဖြစ်သွားမှာပါ..
ဒါကြောင့်ကျွန်တော်ကိုသွားခွင့်ပြုပါအုံး....

ပြောချင်ရာပြောပြီးအခန်းပြင်လျစ်ခနဲ့ပြေးထွက်သွားတဲ့ဂျောင်ကုနောက်ဆီအမြန်ပြေးလိုက်ရပြန်၏..

ဂျောင်ကု....

အိမ်အပြင်ဘက်လှမ်းမည့်ခြေလှမ်းတွေက
ဧည့်ခန်းဆီကလာတဲ့အသံကြောင့်ရပ်တန့်သွား၏...

အဆင်ပြေပြေနဲ့ရှိနေသားပဲ...

သူဆီတဖြည်းဖြည်းလျှောက်ကာဆိုလာတဲ့သူကြောင့်
ဂျောင်ကုအပြုံးလေးတစ်ခုစွန့်ကြဲလိုက်၏..

ခုလိုမြင်တော့ဝမ်းမသာလို့လားစီနီယာ

ဝိုး....အရင်ကဂျောင်ကုမဟုတ်တော့ဘူးပဲ.

💔Don't Cry Mg💔(season 2)Where stories live. Discover now