ခြံဝန်းကျယ်ကြီးထဲရှိ ရေကူးကန် ပြာပြာဘေးတွင်
စားပွဲဝိုင်းများခင်းကျင်းထားပြီး
Dinnerအတွက် ပြင်ဆင်ပေးမည့် Waiter များ
သွားလာလှုပ်ရှားနေကြသည်။
ဧည့်သည်တော်များက ဝီစကီ၊ ဝိုင်တို့ကို
သောက်၍ စားသောက်ဖွယ်ရာများစားကာ
သူ့ဝိုင်းနှင့် အဖွဲ့ကျ စကားပြောနေကြသည်။"Hello ...မင်္ဂလာညချမ်းလေးပါ လူကြီးမင်းတို့"
ထိုစဉ် စားပွဲဝိုင်းများထိပ်ရှိ စတိတ်စင်ပေါ်မှ
လူတစ်ယောက်၏ ဩရှရှအသံထွက်လာသည်။
ထိုသူ၏အသံကြောင့် ခုနက ဆူညံနေကြသော
လူအုပ်ကြီးတိတ်ဆိတ်သွားကာ အားလုံး၏
အကြည့်သည် တိတ်စင်ရှိရာသို့ရောက်သွားလေသည်။"ကုမ္ပဏီအသစ်တစ်ခု ထပ်တိုးဖွင့်နိုင်သွားတဲ့အတွက်
ယခုလို ဂုဏ်ပြုညစာစားပွဲလုပ်ပေးတဲ့
ကိုယ့် မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်၊
တက်ရောက်လာကြတဲ့ လူကြီးမင်းတို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် "ထို့နောက် ထိုလူက လက်ထဲက ဝီစကီခွက်ကို
ကိုင်မြှောက်ရင်း"cheers"
စားပွဲအသီးသီးတွင်ထိုင်နေကြသည့်
လူများကလည်း ခွက်ကိုယ်စီမြှောက်ကာ
"Cheers" ဟု သံပြိုင်ရေရွတ်ကြလိုက်လေသည်။စင်ပေါ်ကလူကတော့ နှစ်ယောက်မရှိအောင်
မိမိုက်သည့် Akioပင်ဖြစ်သည်။Akioစင်အောက်သို့ ဆင်းကာ VIPဝိုင်းတွင်
ထိုင်လိုက်သည်။ မိဘနှစ်ပါးကတော့
Dinnerစားနေကြကာ ကိုယ်ကတော့
ဖိတ်ထားတဲ့ ဧည့်သည်တွေဖက်
မျက်လုံးကစားကြည့်သည်။ ဒီည ကိုယ့်အတွက်
ဘယ်သူက Dinnerဖြစ်လာမလဲဆိုသည့်
အကြည့်တွေနဲ့ပေါ့။ကြည့်နေရင်း ဖြူလွှလွှ ကလေးတစ်ယောက်နှင့်
မျက်လုံးချင်းသွားစုံမိသည်။
အဲ့ကလေးက ကိုယ့် သူငယ်ချင်းရဲ့
ညီအငယ်လေး Yukiပင်။ ကိုယ့်သူငယ်ချင်း
သူ့အစ်ကိုကတော့ ပွဲတက်ဖို့မအားလို့
မနေ့ကတည်းက ဖုန်းနှင့် ဂုဏ်ပြုစကား
ပြောပြီးပြီ ဖြစ်သည်။ Yukiက သူအစ်ကိုအစား
မိဘများနှင့် လိုက်လာခြင်းပင်ဖြစ်ရမည်။
YOU ARE READING
Candy
Fanfictionအစ်ကို့ရဲ့ သူငယ်ချင်း လူရှုပ်လူပွေ Akioကို တစ်ဖက်သတ်ချစ်ကြိုက်မိတဲ့ ဒွိလိင်လေး Yukiတို့၏ အပြာစာ။ intersex blue book so pls read at your own risk! (commission work)