ပင်လယ်ကမ်းစပ် နယ်မြို့လေးတစ်မြို့ဖြစ်သည်
နယ်မြို့ပေမယ့်အတော်သည်ကားလှသည် မြို့ကြီးများနှင့်မခြားမနားပါပဲ
စားသောက်ဆိုင်များ KTV များ ဈေးတန်း စုံလင်စွာရှိသည် ပင်လယ်ဆိပ်ကမ်းဖြစ်၍စီးပွားရေးအတော်လုပ်လို့ကောင်းသောမြို့လဲဖြစ်သည် အနီးအနားမှာရွာများကလဲဤမြို့သို့လာပြီးငါးတင်ငါးချလုပ်ကြသည်
ဒီမြို့ရဲ့မျက်နှာဖုံးကတော့ Kim Jonheeပဲဖြစ်ပြီးသူ့တွင်Kim Gunhoဆိုသည့်သားတစ်ယောက်ရှိသည် သူတို့သားအဖက ငွေတိုးချေးလုပ်ငန်းလုပ်ကိုင်ပြီး KTV များလဲရှိသည် ပင်လယ်ငါးဖမ်းသင်္ဘောများလဲပိုင်ဆိုင်ကြပြီးသူ့မြို့တွင်တော့သူတို့ကအချမ်းသာဆုံးဖြစ်သည်ပင်လယ်ထဲတွင်စက်လှေတစ်စီးမောင်းလာနေတယ်
စက်လှေမောင်းလာသူမှာဝါးခမောက်ကိုဆောင်းပြီးစက်လှေကိုကမ်းမှာရပ်လိုက်တယ်
လက်ထဲမှာပံုးတစ်ခုကိုက်ပြီးစက်လှေကဆင်းလာပြီးမြို့ထဲသို့၀င်လိုက်ပြီးအိမ်တစ်အိမ်ရှေ့မှာရပ်ေခါ်လိုက်တယ်"ဟေ့ရောင် Lee Know "
အိမ်ထဲမှာတစ်ကုပ်ကုပ်လုပ်နေတဲ့Lee Know ကလှည့်ကြည့်လိုက်တယ်
"ဟာ သာရီး Hyunjin မင်းဘယ်လိုရောက်လာတာလဲ
မင်းငါ့ဆီမလာတာနှစ်အတော်တောင်ကြာပြီ"
ကဲခုကဘာကိစ္စနဲ့လာတာလဲ မင်းကိစ္စရှိလို့လာတာမလား"အေး ဟုတ်တယ်"
ဒါပေမယ့် အဲ့အကြောင်းနောက်မှပြောရအောင် လောလောဆယ်မင်းမှာသောက်စရာရှိလား
အေးရှိတော့ရှိတယ်ကွ ပုလင်းတ၀က်ပဲကျန်တော့တယ် ငါသွားထပ်၀ယ်ပေးမယ်လေ"ရပါတယ်ကွာ ရှိတာသာပေး ငါအများကြီးမသောက်ဘူး"
Lee Know လဲ Hyunjin ကိုပုလင်းနဲ့ဖန်ခွက်ပေးလိုက်ပြီးလုပ်စရာရှိတာဆက်လုပ်နေတယ်
"Hyunlix မင်းငါ့ဆီမလာတာ မင်းညီမလေး Hyunna ဆုံးပြီးထဲကပဲနော်""ခွမ်း!!!"
Hyunjin အရက်သောက်လက်စခွက်ကိုပစ်ပေါက်လိုက်တာဖြစ်သည်
"Sorry ကွာ ငါ့ညီမလေးနာမည်ကြားတော့စိတ်မထိန်းနိုင်ဖြစ်သွားတာ"
ရပါတယ်ကွာ ငါကသာတောင်းပန်ရမှာ မင်းရဲ့ဒဏ်ရာကိုဆွမိသလိုဖြစ်သွားတာလေ ဒါနဲ့မင်းလာရင်းကိစ္စပြောလေ
ပြီးမှပြောမယ်ကွာ လောလောဆယ်ငါဓာတ်ဆီတစ်ပုံးလောက်လိုချင်တယ် ရမလား