"Bokkie ရေ ဒီကောင်တေနောက်လာရဲမှာမဟုတ်တော့ဘူး ဒီမှာသေနေတာ ၁၅ ကောင်လောက်ရှိတယ်" Hyunjin ရှော့တိုက်ပြီးသေနေတဲ့ခွေးအတေကိုရေရင်း လှမ်းပြောလိုက်သည်
" နောက်ပြီး ကိုယ်တောထဲသွားတဲ့အချိန်တစ်ခုခုဖြစ်ရင်ပစ်လို့ရအောင် သေနတ်ပစ်သင်ပေးထားမယ်"
" တောထဲသွားပြီး ရွှေဖရုံညွှန့်သွားခူးရအောင် လိုက်ခဲ့"
*******
" ကိုကို bokkie ပန်းတေခူးအုံးမယ် နေအုံး"
" ဟောဗျာ ကိုယ်ခူးပေးထားတာများနေပြီလေ လိုချင်သေးလို့လား"
" ဟီးး ပန်းတေ တပွေ့တစ်ပိုက်ကြီးပိုက်သွားချင်လို့"
" ဒါဆိုလဲ ကိုယ်ထပ်ခူးပေးမယ် "
Hyunjin ပန်းတေပွေ့ပြီးပျော်နေတဲ့ Felix ကိုကြည့်နေရင်း
" Bokkie ကျွန်းပေါ်ကပြန်ချင်လား မြို့ကိုလေ"
" ကိုကိုကလဲ ဘာလို့မေးပြန်"
" ဒီကျွန်းပေါ်မှာကိုယ်တို့တစ်သက်လုံးနေသွားလို့အဆင်ပြေပါ့မလားလို့တွေးမိလို့ပါ ကိုယ်ကနေလို့ရပေမယ့် bokkie ကိုကောင်းကောင်းမွန်မွန်ထားချင်တယ်"
" Bokkie လဲေနလို့ရပါတယ် ကိုကိုကလဲ "
" ကိုယ်တို့ချည်းပဲက အကြောင်းမဟုတ်ဘူးလေ ကိုယ်တို့ကလေးလေးတေရလာရင်ရော"
" ဟာ... ဒီကိုကို ဘာတေအရူးထပြီးလျှောက်ပြောနေတာလဲ ကျွန်တော်ကယောကင်္ျားလေးနော် မေ့များနေတာလား"
" မမေ့ပါဘူးကွာ ယောင်္ကျားလေးမှန်းတော့ကိုယ်သိတာပေါ့ ဒါပေမယ့် bokkie ပဲပြောထားပြီတော့ ..."
" အာ.. အဲ့တာကဖြစ်နိုင်ချေတအားနည်းပါတယ် မစိုးရိမ်နဲ့ ကိုကိုဆိုတာလဲ အကုန်လျှောက်တွေးပူနေတော့တာပဲ "
" အင်းပါ ကိုယ်ကလဲ ဖြစ်များဖြစ်လာခဲ့ရင်ဆိုပြီး.
" ဖြစ်များလဲဖြစ်မလာဘူး ဖြစ်နိုင်ချေမရှိသလောက်ပါဆို ဘာဖြစ်နေတာလဲ"
" ကျွန်းကြီးရေ ... ကျွန်တော်တို့ကို ကလေးလေးတစ်ယောက်လောက်လက်ဆောင်ပေးပါဗျို့ " Hyunjin အော်လိုက်သည်
![](https://img.wattpad.com/cover/354615038-288-k876689.jpg)