Hyunjinက မီးခွက်တစ်ခုထိုင်လုပ်နေပြီး Felix ကတော့အနားကထိုင်ကြည့်နေတယ်
" ရပြီ bokkie "
Hyunjin ပြောရင်း မီးစာကိုမီးခြစ်နဲ့ခြစ်လိုက်တယ် အလင်းရောင်က သူတို့ရဲ့သေးငယ်တဲ့အိမ်လေးထဲတော့အဆင်ပြေပါတယ်
" Hyun ကအကုန်လုပ်တက်နေတာပဲနော် ခုလိုတိုတိုထွာထွာလေးတေရော
" ဘာမှမှမခက်တာ bokkie ရဲ့ ကိုယ်တို့ဘက်တေဆို ကလေးကအစလုပ်တက်တယ်"
" Bokkie ကကျ မွေးထဲက လျှပ်စစ်မီးနဲ့နေခဲ့တော့ ဒီလိုပစ္စည်းတေနဲ့မရင်းနှီးဘူး"
" Hyunရဲ့ အကြောင်း bokkie ကိုဘယ်တော့ပြောပြမလဲဟင်"
" ကိုယ့်စိတ်တေသေချာသွားတဲ့အခါကျ အကုန်ပြောပြမှာပါ ခဏပဲစောင့်နော် ကိုယ့်အကြောင်းကိုပြောပြမယ့်သူက bokkie က ပထမဆုံးပဲ"
" ရပါတယ် Hyun ရဲ့ bokkie စောင့်နိုင်ပါတယ် အဆင်ပြေတဲ့အချိန်မှပြောပြနော် ခုတော့အိပ်ရအောင် Hyun မီးငြှိမ်းလိုက်နော်"
" ဟုတ်ကဲ့ပါဗျာ . အရင်အိပ်လိုက် "
Hyunjin မီးငြှိမ်းပြီး အိမ်ပက်လည်ကိုအခြေအနေပက်ကြည့်ပြီးအိပ်ဖို့ပြန်တက်လာလိုက်တယ် အိမ်ပေါ်မှာအိပ်မောကျနေတဲ့ bokkie ရဲ့မျက်နှာနုနုလေးကိုလရောင်နဲ့ကြည့်ရင်း နှဖူးကို အနမ်းလေးခြွေလိုက်တယ်
" မွ ကိုယ့်ရဲ့ကြက်ပေါက်လေး အိမ်မက်လှလှလေးမက်ပါစေနော်"
Hyun လာအအိပ်ကိုစောင့်ရင်း အိပ်ချင်ယောင်ဆောင်နေတဲ့ကြက်ပေါက်ကတော့ သူ့နှဖူးအနမ်းခံလိုက်ရသဖြင့် ရင်ဘက်ထဲမှာဒိန်းတဒိန်းနတ်၀င်ပူးနေပြီး ဒီညကိုအိပ်ပျော်အောင်မနည်းအိပ်လိုက်ရသည်
" Felix ကိုယ်တောထဲသွားလိုက်အုံးမယ် တောနောက်မှာ သီးပင်စားပင်တေအများကြီးရိှတာ ကိုယ်တွေ့ခဲ့တယ် နည်းနည်းလောက်သွားခူးလိုက်အုံးမယ် အိမ်မှာနေနော်"
" ဟုတ် Hyunjin နောက်အခါတေကျရင် bokkie ကိုလဲခေါ်သွားနော် လိုက်ခဲ့ချင်တယ်"
" ကိုယ်လမ်းကြောင်းတေသေချာကြည့်ပြီးအန္တာရယ်ကင်းရင်ခေါ်သွားမယ်နော် ခုတော့ကိုယ်သွားပြီ"