P̄hī Nı Wạng Kèā (Chapter 2)

265 21 0
                                    

အပိုင်း : ၂

  
       " အဖော်လည်းမၡိပျင်းလိုက်တာ " အသက် ၁၈ အရွယ် Wansarat တစ်ယောက် ကျောင်းအဆောင်ကနေအပြန် ရုတ်တရက်  မိန်းကလေးတစ်ယောက် ခြုံပုတ်အနားငုတ်တုတ်ထိုင်ပြီး ကြည့်နေတာမြင်တော့

       " မြွေကို က်ခံရမယ်နော် " Wansarat က စနောက်ပြီး ပြောချိန် မိန်းကလေးက နားမထောင်ပဲ သစ်ရွက်ကိုပဲ ကြည့်နေတယ် .

         " … "

         " ဒါနဲ့ … ဒီကျောင်းကလား " wansarat က မိန်းကလေးအနားကပ်မေးတော့

         " အင်း … " မိန်းကလေးကတစ်ခွန်းတည်းဖြေပြီး သစ်ရွက်ကိုပဲပြန်ကြည့်နေတယ် .အဲ့ဒီအချိန် အနောက်ကနေ

       " ဟိတ်ကလေးမ … စာမလုပ်ပဲ ဒီအနားလာဆော့နေတာလား . " ပါမောက္ခကြီးက ကြိမ်လုံးနဲ့ အမြန်လာတော့ wansarat လည်း မတ်တပ်အမြန်ရပ်လိုက်တာပေါ့ . ချက်ချင်းပဲ မိန်းကလေးက Wansarat အနောက်ကနေကွယ်နေရင်း ပါမောက္ခကြီးကို မမြင်အောင်မုန်းနေတော့တယ် .

      " ပါမောက္ခကြီး … " wansarat က ပါမောက္ခကြီး ရိုက်မလိုလုပ်တာကို ကာရင်း ဘယ်ဘက်ကာလိုက် ညာဘက်ကာ လိုက်နဲ့ လုပ်နေတော့

       " ဟာ … ပါမောက္ခကြီးနဲ့ ဆော့နေတာလားဝေ… ငါ့ခေါ်ပါဉီးဟ  " Kirk က အပြေးလာတော့

       " ဆော့နေတာမဟုတ်ဘူး… ကျောင်းသူက စာမလေ့လာပဲ ထွက်ကစားနေလို့ "

       " စာလေ့လာပါတော့မယ် … တောင်းပန်ပါတယ်ပါမောက္ခကြီး " ဆိုပြီး မိန်းကလေးက ချက်ချင်းပဲ စာသင်ဆောင်ခန်းထဲကို ပြေးဝင်သွားတော့တယ် .
           -----------------------------------------------------
           Wansarat တစ်ယောက်သူ့ရဲ့ ငယ်စဉ်က စာသင်သားဘဝတုန်းကအကြောင်းကို ပါမောက္ခရဲ့ စာသင်ခန်းအဟောင်းနားရောက်တော့  စဉ်းစားနေရင်း စာကြည့်တိုက်ထဲက အသံတစ်ခုကြားတော့ ချောင်းကြည့်လိုက်တယ် . အခန်းထဲ မီးအိမ်လေးနဲ့
မိန်းကလေးတစ်ယောက် စာရေးစားပွဲခုံပေါ် အလုပ်များနေတယ် .

             ရုတ်တရက် Wansarat တစ်ယောက် တံခါးကနေ ချောင်းကြည့်ရင်း စိတ်တွေက ကိုယ်နဲ့မကပ်ဖြစ်နေချိန်

P̄hī Nı Wạng Kèā Where stories live. Discover now