P̄hī Nı Wạng Kèā (Chapter 3)

288 22 0
                                    

အပိုင်း ၃

      Wansarat ဟာသူ့ရဲ့ မွေးရပ်မြေနန်းတော်ကို ပြန်ဖို့နေ့ရက်တော့ မနက်အစောကြီးနိုးနေတာနဲ့ အပြင်ထွက်ကြည့်ရင်း

       "Khum Mon က ဒီအနားဘာလုပ်နေတာလဲ"
Wansarat တစ်ယောက် Mon အနားကပ်မေးတော့

      " ဒီလိပ်ပြာလေးတွေကို ဖန်ဘူးထဲကနေ လွှတ်ပေးဖို့ပါ "

        " သြော် … "

        " လိပ်ပြာလေးတွေက လှတော့ သူတို့ကိုအမြဲတမ်းမြင် ချင်မိတယ် . အနားကနေ ထွက်မသွားစေချင်ဘူး . အဲ့ဒါကြောင့် … ဖန်ဘူးထဲဖမ်းထည့်ထားတာပါ…" Mon တစ်ယောက် ဖန်ဘူးလေးကိုဖွင့်လိုက်ရင်း

        " တစ်ခါတစ်လေကျတော့ တစ်ချို့အရာတွေက အမြဲတမ်းပိုင်ဆိုင်ချင်တိုင်း ပိုင်ဆိုင်ရမယ်လို့ တွေးမထားသင့်ဘူး . ချုပ်ကိုင်မထားသင့်ဘူး. "
Wansarat တစ်ယောက် စကားပြောနေရင်း

      " Nong ကိုလည်း သူတို့လို လှောင်အိမ်ထဲ အကြာကြီးနေရရင်ရော … " ရယ်ပြီးပြောနေရင်း

       "Nong က တိုင်းပြည်ရဲ့ မင်းသမီးလေ ဘယ်သူက ပိတ်လှောင်ထားနိုင်မလဲ " Mon က စိတ်ဆိုးတဲ့ အမူအရာနဲ့ပြန်ပြောတယ် . အဲ့ဒီလိုနဲ့ ညနေ့ပိုင်းလောက်ရောက်တော့Wansarat တို့ မြင်းရထား တွေနဲ့နန်းတော်ကနေ ထွက်ခွာဖို့တန်းစီးထားတဲ့အချိန် ဘုရင်မင်းမြတ်က သူ့ရဲ့သမီးတော်လက်လေးကို ကိုင်ထားပြီး နန်းတော်ကနေ ထွက်လာတယ် .

         " ငါ့သမီးတော်လေးကို သေချာ စောင့်ၡောက်ပေးဉီးနော် Wansarat "
    
         " စိတ်ချတော်မူပါ အၡင်မင်းကြီး … " ဆိုပြီး Wansarat တစ်ယောက် မြင်းရထားရဲ့ တံခါးကို ဖွင့်ပေးလိုက်တယ် .

         " စိတ်ချမယ်နော် … မကြာမကြာလာလည်ပါမယ် " မယ်တော် ဖြစ်သူကလည်း သူ့ရဲ့ သမီးလေး
မြင်းရထားပေါ်မတက်ခင် နဖူးကို အနမ်းလေးတစ်
ပွင့်ပေးလိုက်တယ် .

          အဲ့ဒီနောက် Wansarat က မြင်းတပ်ရဲ့ ထိပ်ဆုံး ကနေဉီးဆောင်ပြီးနန်းတော်ကနေထွက်လာတော့တယ် . လမ်းက ၂ ညအိပ် ၃ ရက်လောက်ကြာတော့ သူတို့ရဲ့ အလာလမ်းတုန်းက နားနေကျနေရာရောက်တာနဲ့ စခန်းချပြီး အနွေးဓာတ်ရဖို့ မီးဖိုပါတော့တယ်.

P̄hī Nı Wạng Kèā Where stories live. Discover now