နေ့ထူးခါထူးမို့ ဆီးမီးများနဲ့ အလှထူးနေပါသော ရပ်ကွက်ငယ်....
ကလေးတွေနဲ့အပြိုင်ဆော့နေသော ကလေးဗိုလ်လေး မင်းစိမ့်စမ်းဟန်
"သားငယ်~"
"ဗျာ မေကြီး"
"အရမ်းမဆော့နဲ့နော်"
"ဟုတ်"
ကလေးတွေနဲ့ဆော့နေသော သားငယ်ကို ကြည့်ရင်း ခေါင်းအသာခါမိသည်
အသက်ပင်နှစ်ဆယ်ေကျာ်ရှိနေပြီ အခုကလေးတွေနဲ့ဆော့တုန်း"ကိုကြီး ဗြောက်.."
"ဒါပေါ့ ပေး ကိုကြီးလုပ်မယ်"
ကလေးက ပေးသည်နှင့် တပြိုင်နက် ဗြောက်အား မီးညှိ့ကာ တစ်ဖက်သို့ ပစ်လိုက်သည်
*ဖောင်း*
ဗြောက်အိုး အသံနှင့်အတူ လဲကျသွားသော စက်ဘီးတစ်စီး
"ဟာသွားပြီ...ငါကိုက ရှေ့မကြည့်နောက်ကမကြည့်"
ကိုယ့်နှဖူးကိုရိုက်ကာ ထူပေးပြီး တောင်းပန်ရန် လဲကျသွားသော စက်ဘီးအနားလို့ သွားလိုက်သည်လက်လေးကို တန်းလို့ လှမ်းလိုက်သည်
စိတ်ထဲတွင်မူ စိုးရိမ်မှုသာ ကြီးစိုးနေ၏
ပြဿနာရှာရင်ဖြင့် ဒုက္ခလှမ်းပေးလာသော လက်အား ဆုပ်ကိုင်ကာ အားယူ၍ ထလိုက်သည်
စက်ဘီးမှောက်သည်နှင့် ဗြောက်အိုးကြောင့် ပွန်းပဲ့သွားသော မေးရိုး နှဖူးနှင့် လည်ပင်း"အစ်ကို ကျွန်တော်တောင်း.တောင်းပန်ပါတယ်နော်"
"ရတယ်"
စကားအား အတိပြတ်အောင်ပင်ပြောသောသူကြောင့် စိမ့်စမ်းတစ်ယောက် လန့်မိပါသည်
"အစ်ကို ကျွန်တော် တကယ် တကယ်ကို တောင်းပန်ပါတယ်ဗျာ အိမ်လိုက်ခဲ့ပါ ဆေးထည့်ပေးပါ့မယ်"
စကားဆုံးသည်နှင့် ချထားသော မျက်လွှာအား ပင့်၍ ကြည့်လိုက်ရာ အကြည့်ချင်းပင် ဆုံလို့သွားရသည်
ဘယ်လောက်ကြာသွားမှန်းစိမ့်စမ်းမသိပါ ထိုလူအကြည့်လွှာသွားမှ သူလည်း အကြည့်လွှဲလိုက်မိသည်
"ဟုတ်ပြီ ဆေးထည့်ပေး"
စိမ့်စမ်း ပြုံးပြကာ အိမ်သို့ပင်ခေါ်လာလိုက်သည်
မေကြီးကတော့ ဆူပါတော့မည်
"အစ်ကို ခဏထိုင်ဦးနော် ကျွန်တော် ဆေးသွားယူလိုက်ဦးမယ်"
ခေါင်းတစ်ချက်သာ ညိမ့်ပြသူအား ဘဝင်မကျပါ
"အနည်းဆုံးတော့ အင်းလောက်တော့ပြောသင့်တာကို"
တစ်ကိုယ်တည်းကြားရလောက်အောင်သာ ပြောလိုက်မိသည်
"သားငယ်"
"ဗျာ မေကြီး"
"အရှေ့က သားသူငယ်ချင်းလား အသံကြားလို့"
"မဟုတ်ဘူး မေကြီး သားနဲ့ မသိဘူး သားကြောင့် စက်ဘီးမှောက်သွားလို့ အဲ့တာ ဆေးထည့်ပေးမလို့ ခေါ်လာတာ"
"လုပ်ပြန်ပြီ ကိုယ်တော်ချောရယ် အားနာစရာ သွားသွား မြန်မြန်"
"ဟုတ်"
အပြစ်ရှိသည်ကြောင့် ထင်ပါသည် တိမ်ဝင်သွားသော အသံဖြင့် တုံ့ပြန်မိသည်....
"အစ်ကို~ နာရင်ပြောနော်" ဟုဆိုကာ ဆေးထည့်ပေးရန်ပြင်လိုက်သည်
ဂွမ်းထဲသို့ ရေထည့်ကာ ဦးစွာ သန့်စင်ပေးသည်
ထို့နောက် ဂွမ်းထဲသို့ ဆေးထည့်၍ ဖြေးညှင်းစွာ မေးရိုးအား ဆေးထည့်ပေးနေသည်
ပြီးတော့ လည်ပင်းကိုပါ ဆေးထည့်ပေးသည်
နဖူးကို ဆေးထည့်ပေးချိန်မှာတော့ ဒဏ်ရာအား သေချာမြင်ရရန် အရှေ့တိုးလိုကက်၍ နီးကပ်သွား မျက်နှာနှစ်ခု ရုတ်ချည်း ပိတ်သွားပါသော မျက်ဝန်းတစ်စုံ
သူ့ရဲ့ ရှူထုတ်သော လေတို့ဟာ စိမ့်စမ်းလည်ပင်းဖွေးဖွေးအား ကျီစယ်နေသယောင်
အနောက်သို့ဆုတ်ရန်ပြင်လိုက်ချိန်တွင် စိမ့်စမ်း ပုခုံးအား ကိုင်ကာ မျက်နှာနှစ်ခုအားထပ်မံနီးကပ်စေလိုက်သည်
"ကိုယ့်နာမည်က ဆက်လင်းဂုဏ်ရှိန်.... မင်းနာမည်ကရော"
"ကျွန်တော်နာမည်က မင်း.မင်းစိမ့်စမ်းဟန်"
"Hah နာမည်လေးက ချစ်စရာလေးပဲ"
"အာ ကျေးဇူးပါဗျ... ဟိုလေ ပုခုံးကို ကိုင်ထားတာလေး..."
"ဆောရီး ဟန်..အဲ့လိုခေါ်လို့ရတယ်မဟုတ်လား"
"ဟုတ် ရပါတယ်"
"ကိုယ်ပြန်တော့မယ်"
"ဟုတ်..."
ပြုံးပြသည် အစ်ကိုက ပြုံးပြလိုက်သည်....
.
.
.
"ပြောပါဦး သူများကို စက်ဘီးမှောက်တဲ့အထိဆော့ရတဲ့အကြောင်းလေး"
"အာ မေကြီးကလည်း သားက ဘယ်သူမှမရှိလို့ အဲ့ဘက်ကို ပစ်လိုက်တာလေ သူက ရုတ်တရက်ကြီးပေါ်လာတာကို"
"ဪ အဲ့တော့ အဲ့တာသားမမှားဘူးပေါ့"
"တော်ပါတော့ မေရယ် ကလေးကို ဆူမနေနဲ့တော့... သားငယ်~"
"ဗျာ ဖေကြီး"
"သားကို အိမ်ထောင်ချပေးဖို့ မနက်ဖြန်ကျရင် ဖေကြီးရဲ့ မိတ်ဆွေတွေလာလိမ့်မယ်"
"ဗျာ...သားက ငယ်ငယ်လေးရှိသေးတာကို"
"ဘယ်မှာငယ်တာလဲ"
"သိဘူး သိဘူး သားက ငယ်သေးတာပဲသိတယ်"
စိမ့်စမ်းဖေဖေတစ်ချက်ပြုံးလိုက်မိသည်
တယ်ဆိုးတဲ့ ကလေးကို
"သား မနက်ကျရင် သူတို့လာလိမ့်မယ် ကောင်းကောင်းဆက်ဆံနော်"
"ဟုတ်"
"သူက ဆရာဝန်လေ လူကောင်းလေးပါ"
"ဟုတ်ကဲ့"
YOU ARE READING
သီတင်းကျွတ်လပြည့်ညရယ် သူရယ် ကိုယ်ရယ်
ContoSatt Linn Ghon Shein × Minn Seint Sann Han