Think of ' us'

2.3K 246 18
                                    

Unicode
_______

" နင် ငါ့လွန်းငယ်ကို ငါ့ဆီ ပြန်ပို့မှာလား မပို့ဘူးလား ဝတီဟေမာန် "

" ငါ့ညီမက ငါနဲ့နေပါမယ်ဆိုပြီး ပြောနေတာကို ဘယ်လိုပြန်ပို့ရမှာလဲ ၊ မပို့နိုင်ဘူး "

နှိုင်းကသာ ဒေါသတွေ တနုံ့နုံ့နဲ့ ထွက်လာရပေမယ့် ဝတီကလည်း လက်လျှော့မယ့်ပုံမပေါ် ။

" ဝတီရာ နင် အကျင့်မယုတ်စမ်းပါနဲ့ဟာ ။ ငါ ပြန်ဝယ်ပေးပါ့မယ် "

အကြောင်းကတော့ သူဝယ်မယ့် အိတ်ကို အရှေ့ကနေ လုဝယ်သွားတာက စတာပဲ ။ အဲ့နေ့ကတည်းက လွန်းကို ခေါ်သွားပြီး အခုထိကို အိမ်ပြန်မပို့သေးပေ ။ ဆေးရုံမှာကလည်း အလုပ်များတဲ့ လွန်းကြောင့် မျက်နှာတွေ့ဖို့ တမေ့တမောစောင့်နေရတဲ့ အချိန်ကများသည် ။

" အဲ့ အိတ်က တစ်ခုပဲ ကျန်တော့တာပါလို့ သူပြောတယ်လေ ၊ ငါ နင့်ကို အဲ့နေ့က ခခယယကို ပြောတာ ၊ ငါယူပါရစေ နှိုင်းရယ် ဆိုပြီး တစ်ခါမှ မသုံးဖူးတဲ့ အသံ tone နဲ့လေ ။ နင် လက်ခံခဲ့လား "

ဝယ်ထားတဲ့ အိတ်ကိုတော့ မပေးလိုက်နိုင်ပါ ။ အိတ်လည်း မပေးရဘဲ လွန်းကို ပြန်ခေါ်လို့ရမယ့် အကြံအစည်ကလည်း ထပ်ထွက်မလာတော့ ။

" တီလေးနဲ့ တိုင်မယ် "

နှိုင်းရဲ့ နောက်ဆုံးလက်နက်ကတော့ သူတို့ရဲ့ အမေပါပဲ ။

" ဟယ်လို တီလေး "
" တီလေး သမီးကို ပြောဦး ၊ လွန်းကို ခေါ်ထားတာ တစ်ပတ်ရှိပြီ ။ အိမ်ပြန်မပို့ဘူး "

" .... "

" လာခေါ်တယ်လေ ၊ လွန်းကပါ သူ့အစ်မဘက်ကိုပါပြီး ပြန်မလိုက်ဘူး လုပ်နေတာ "

" .... "

" အဲဒါဆို ညနေကျ နှိုင်းလာခဲ့မယ် ၊ တီလေး ပြောပေးနော် "

တီလေးရဲ့ ကူပြောပေးပါ့မယ်ဆိုတဲ့ ကတိကြောင့် ဖုန်းချပြီး သက်ပြင်းချနိုင်တော့တယ် ။

အပျိုကြီး ဖြစ်နေတာလည်း မပြောနဲ့ ၊ အခုထိ ကလေးစိတ်နဲ့ ။

" Andy "

နားနေခန်းထဲ စာအုပ်ကို မျက်နှာပေါ်အပ်ကာ အိပ်တော့မလို ကြံနေပြီးမှ ကန္တာ့အသံကို ကြားလိုက်ရ၍ ဆက်ခနဲ ဖြစ်သွားသည် ။

Think of ' Us 'Where stories live. Discover now