"ခက်ထန် ဒီနေ့ကမင်းနဲ့တွဲတာ တစ်နှစ်ပြည့်ပြီနော် အကယ်၍ငါတို့ဝေးများဝေးရင် ငါတို့ဘယ်နေကြမလဲမသိဘူးနော""......"
နယ်မြို့လေးတစ်မြို့ရဲ့စိမ်းစိုတဲ့သစ်ပင်တွေမြက်ခင်းတွေရှိတဲ့ပန်းခြံလေးထဲမှာ လူရွယ်နှစ်ဦးအတူစကားပြောနေကြတယ် ။
"ဒါလေးလေ ငါမင်းအတွက်ဆိုပြီးဝယ်လာတာ ခက်ထန် ဒီဘူးလေးထဲမှာလေ မင်းသိပ်ကြိုက်တဲ့ ဒေါင်းရုပ်လေးနဲ့ရင်ထိုးလေး"
ကောင်ကလေးဟာ သူ့ချစ်သူခက်ထန်အတွက်ဝယ်လာတဲ့လက်ဆောင်ကိုသူလွယ်ထားတဲ့အိတ်ကနေထုတ်လိုက်တယ်။
"ကဲ ဒီမှာ ဒေါင်းရင်ထိုးလေးပါ"
"ငါတို့လမ်းခွဲပြီးကိုယ့်လမ်းကိုလျှောက်ရအောင် ဥဒေါင်းလေး"
"ဟင်"
ခက်ထန်ရဲ့စကားကြောင့် ဥဒေါင်းလေးတဖြစ်လဲ ရွှေပိုးသာတစ်ယောက် ရင်ထဲအပူလုံးကြီးတက်လာတယ်။
"ဘယ်လို ခက်ထန် မင်းလာနောက်နေတာလား ဘာလဲ ငါ့လက်ဆောင်မကြိုက်လို့လား ငါမှား::"
"တော်စမ်းပါ! မင်းရဲ့အဲ့လိုစကားတွေကြောင့်ငါတို့ပြတ်ရတာ မြဲမြဲမှတ်ထား"
ခက်ထန်ကအဲ့စကားကိုပြောပြီးနေရာကနေထပြန်သွားတဲ့အချိန်ထိ ရွှေပိုးတစ်ယောက် ခေါင်းငိုက်ကျနေလေတယ်။
အိမ်ပြန်တဲ့အခါလည်း မျက်ဝန်းတွေဟာ အသက်မဲ့နေပြီး နဂိုဖြူတဲ့အသားအရေဟာ စိတ်အခြေအနေကြောင့်ပိုပြီးဖြူဖျော့နေလေတယ်။
"ငါ..ငါမှားတာလား။ ငါ "
သူ့အခန်းရဲ့ပတ်လည်တိုင်းကိုကြည့်တိုင်းသူ့ရဲ့မျက်ဝန်းထဲမှာ ခက်ထန်နဲ့အတူပျော်ခဲ့ရသမျှ အမှတ်တရတွေကိုမြင်ယောင်လာတယ်။
"အီးးးးးဟီးးးး"
သူအရင်ကအမှတ်တရတွေးမိလေ မြင်ယောင်မိလေ ငိုမိလေပဲဖြစ်ေနတယ်။
"ငါလက်လျှော့လိုက်ရမှာလား"
ခက်ထန်ဘက်ကြည့်ရရင် ၊ခက်ထန်တစ်ယောက် ရွှေပိုးသာကိုသာလမ်းခွဲခဲ့ပင်မဲ့ သူလုပ်ချင်လို့မဟုတ်ပေ။
![](https://img.wattpad.com/cover/354870494-288-k208521.jpg)