သျှန်(Sean)မြတ်နိုးရသော"မာန်"

16 1 0
                                    

[Unicode]
မာန်၊
-သျှန်ဟာလေ ကိုယ့်ကိုကိုယ်ကလွဲပြီးတခြားဘယ်သူ့ကိုမှ အရေးတယူဂရုမစိုက်‌ေပးဘူး။ ဒါမဲ့ မာန်ကသူတို့နဲ့မတူဘူးလေ။ သျှန့်မြတ်နိုးရာလေး ။

မြတ်နိုးရတယ်ဆိုတာကိုတော့ သျှန်လည်းသေချာမသိပါဘူးဗျာ။ သေချာတာတစ်ခုက သျှန် မာ့န်ကို‌ေပွ့ထားချင်တယ်၊နမ်းရှုံချင်တယ်၊ပိုင်ဆိုင်ချင်တယ်။ဒါ‌ေတွလိုချင်မိတာ သျှန်သိပ်လောဘကြီးသွားသလား။

-မာန်ဆိုတာလေးကလေသူများတွေအတွက်နာမည်လေးတစ်လုံးပင်မဲ့ သျှန်အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုပါပဲဗျာ။ သျှန်ဟာမာန်နဲ့ပက်သက်ရင်သိပ်ကိုကလေးဆန်တာပါ၊မာန်ရယ်။

-မာန့်ရဲ့မျက်ဝန်း‌နက်နက်လေးကနေ အသံဩလျလျထိ အပြစ်ပြောစရာမရှိလောက်အောင် သျှန်နှစ်သက်တယ်။မာန်ရယ် ငါမင်းကိုအဆုံးရှုံးမခံနိုင်ဘူးဗျာ။

-မာန်မသိ‌ေလာက်ဘူး သျှန်ဟာ‌ေလသိပ်အတ္တကြီးတယ်ဆို‌တာ‌ေပါ့။ကိုယ်ပိုင်တဲ့အရာတစ်ခုကို တခြားသူပိုင်သွားမှာအရမ်းကြောက်တယ်။ မာန်ဆိုတဲ့ကောင်ငယ်လေး သျှန့်ကိုစိတ်ကုန်သွားမှာလဲ သိပ်ကြောက်တယ်။

-အမှတ်တမဲ့လုပ်လိုက်တဲ့ မာန်ရဲ့အပြုအမူလေးတွေကသိပ်ချစ်ရာကောင်းတာ။မာန် ကော်ဖီသောက်တဲ့ပုံစံ၊အိပ်တဲ့ပုံစံ၊လမ်းလျှောက်တဲ့ပုံစံကအစ ဘာလုပ်လုပ်သိပ်ချစ်စရာကောင်းလွန်းတယ်။

-သျှန်ကိုလေ မာန်က လိပ်ပြာ တဲ့။ ဘာအဓိပ္ပါယ်လဲတော့သျှန်မသိဘူး။ ဒါမဲ့မာန်ပေးတဲ့နာမည်ပြောင်မို့သျှန်ကြိုက်တယ်။ပြီး‌ေတာ့လည်း သျှန့်နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာမှာ ရှိတဲ့ခြောက်ကပ်နေတဲ့ဥယျာဉ်လေးကိုစိုပြေလာအောင် စွမ်းဆောင်ခဲ့တဲ့ဥယျာဉ်မှူးဟာ မာန်ပါပဲ။

-သျှန်လေ ဖြစ်နိုင်ရင်မာန့်ကိုပဲအပြင်မှာလူချင်းတွေ့ပြီးဒီအကြောင်းတွေပြောပြချင်တယ်။ မာန်နဲ့သျှန်ထားခဲ့တဲ့ကတိတွေအကြောင်းပြောပြချင်တယ်။ အနာဂတ်အကြောင်း တိုင်ပင်ချင်တယ်။ သမီးလေးမွေးရင် မာန့်ရဲ့နာမည်၊ သားလေးမွေးရင် သျှန့်နာမည်ပေးမယ်ဆိုတာအထိ မာန့်ကိုပြောပြချင်တယ်။

KoKoel 's HwsWhere stories live. Discover now