"အမေ သားသွားပြီနော်"
ဆိုတဲ့အသံနဲ့အတူ အိမ်ထဲကကပျာကယာ ပြေးထွက်လာနေတဲ့ကောင်လေးတစ်ယောက် ဟာသူ့ရဲ့တက္ကသိုလ်အတန်းချိန်မီအောင်ကြိုးစားပြီးမှတ်တိုင်ဆီသွားနေရတယ်။"ဟိုအငယ်လေး ထမင်းဘူးမယူပြန်ဘူး"ဆိုတဲ့ အိမ်ထဲကလှမ်းအော်နေတဲ့ အမေ့ရဲ့အော်သံကိုလည်း ဂရုစိုက်ဖို့မအားဖြစ်နေတယ်။
"ဟာ မြင့်နိုင်။ နောက်ကျလှချည်လား"ဆိုပြီး မြင့်နိုင်ဆိုတဲ့ကောင်ကလေးကိုစကားစလာပြောသူက မြင့်နိုင်ရဲ့သူငယ်ချင်းကြီး နိုင်မင်းဖြစ်တယ်။
"အတူတူနဲ့အနူနူပဲကိုကွာ တပန်းလာသာနေတယ်"
"အေးပါ အိမ်စာလုပ်လာလား ဟ ဟေ့ရောင်ရေ"
"ဘာအိမ်စာ အိမ်စာရှိတာလားဟ"
"သေပြီ။ ငါလဲမလုပ်လာဘူး မင်းကလဲမသိဘူးဆိုတော့ အမျှ အမျှ ငါ့ဘဝ"
"ဟားဟား ဟာသပဲ ဘာဖြစ်လဲမလုပ်တော့"ဆိုပြိး မြင့်နိုင် ခနဲ့လိုက်တယ်။
"ဟ! ငါကမင်းလို ထိပ်တန်းအဆင့်ဝင်တဲ့ကောင်မှမဟုတ်တာဟ ဖြစ်တာပေါ့"
"ငါတို့လမ်းလျှောက်ရင်းလေပေါလာလိုက်တာ မှတ်တိုင်တောင်ရောက်ေနပြီပဲ မြန်လိုက်တာကွာ "
"ဟုတ်လား တစ်ယောက်တည်းဆို ၁၅မိနစ်လောက်လျှောက်ရတယ်လို့တောင် ထင်ရတယ် ငါ့ကောင်ရေ"
"ဟာ ဟိုဟာ ကားလာပြီလား "
"အာ အဲတာ ၇ ကြီးပါဟ မရောက်ဘူး"
"ဟာ ဟာ လာပြီ လာပြီ အဲတာမလား အဲတာ"
"အေး ဟုတ်တယ်ကွ ကားခထုတ် ထုတ်လေ "
မြင့်နိုင်တို့သူငယ်ချင်းနှစ်ယောက် ၊သူတို့အတန်းချိန်မီဖို့အတွက် မှတ်တိုင်လာရပ်တဲ့၉၉ပေါ်တက်လိုက်ကြတယ်။
"ကားခက တစ်ယောက်၄၀၀ဖြစ်သွားပါပြီဗျ။ ၂၀၀လိုသေးတယ်ဗျ။
ကားဆရာရဲ့ စကားကြောင့် နိုင်မင်းလဲ ကြောင်တောင်တောင်ဖြစ်သွားပြီး အိတ်ထဲက ပိုက်ဆံထုတ်ပြီးပေးလိုက်တယ်။"ဪ ဟုတ်ကဲ့ ဒီမှာပါ ဦးလေး"
"ဟုတ်ကဲ့ ဒါဆိုနောက်ကိုဆက်လျှောက်ပေးပါ"
ကားဆရာစကားကြောင့်သူတို့လဲကားမထွက်ခင် အမြန် နောက်ကို ဝင်လိုက်ကြတယ် ကားထွက်မှဆို သိုင်းကွက်တွေပြနေသလို ဖြစ်မယ်မလား။