{1}

1.9K 284 7
                                    

Unicode

အိုင်၀မ်ဟာ အပျော်တမ်း ရုပ်ထု ထုဆစ်သူတစ်ယောက်ဖြစ်ပြီး လိင်တူစိတ်၀င်စားတူတစ်ယောက်လည်းဖြစ်သည်။ သို့ပေမဲ့ ထိုနှစ်ခုကြားဆက်စပ်မှုတော့မရှိ‌ပေ။

သူက ရုပ်တုထုဆစ်ခြင်းတွင် အမှန်တကယ်ပါရမီရှိလှသည်။ အိုင်၀မ်မှာ သင်ကြားပေးတဲ့ဆရာမရှိပဲ သူ့ဘာသာ လေ့လာခဲ့ခြင်းဖြစ်သည်။ သူထုဆစ်တဲ့တစ်မျိုးတည်းသော ရုပ်တုများက ယောင်္ကျားလေးတွေသာဖြစ်၏။ ထပ်ပြောရမယ်ဆိုရင် ခပ်ကြီးကြီး ဆွဲဆောင်မှုရှိရှိချောမောခန့်ညားတဲ့ အမျိုးသား ရုပ်တုများကိုသာ သူထုဆစ်လေသည်။

အရင်တုန်းက သူထုလုပ်ခဲ့တဲ့ရုပ်ထုတွေကသေးငယ်ပြီး အသေးစိတ်ကျတဲ့ အရုပ်အမျိုးအစားတွေသာ။ အချိန်တွေကြာလာတာနဲ့အမျှ သူထုဆစ်လာတဲ့ ရုပ်ထုတွေဟာ တဖြေးဖြေး ပိုပိုပြီး ကြီးမားလာလေပြီးတစ်ရုပ်နဲ့တစ်ရုပ်လည်းဆင်တူနီးပါး ဖြစ်လာသည်။ 

သူတို့တွေရဲ့ မျက်နှာပုံသဏ္ဌာန် ၊ မျက်နှာအစိတ်အပိုင်းတွေ ၊ ခန္ဓာကိုယ်ပုံသဏ္ဌာန် တွေနဲ့ မျက်နှာအမူအယာတွေတောင်မှ တစ်ရုပ်နဲ့တစ်ရုပ်ပိုပိုတူလာလေသည်။ ရုပ်ထုအကုန်လုံးဟာ တစ်ရုပ်ထဲဖြစ်သည် ဟု ထင်ရလောက်အောင်တူခြင်းပင်။

သူ့နှလုံးသားထဲရှိနေတဲ့ အပြီးပြည့်စုံ ဆုံးသော ယောင်္ကျား ပုံသဏ္ဌာန်အတိုင်း ရုပ်တုတွေအပေါ်ထုဆစ်ပေးနေသကဲ့သို့ ။

လုံးလဝီရီယရှိစွာဖြင့် တစ်နေ့ပြီး တစ်နေ့.....

နောက်တော့ အရုပ် အရွယ်အစား ရုပ်ထုတွေ
ထုလုပ်တာ ရပ်တန့်လိုက်ပြီး အမျိုးသားတစ်ယောက်ရဲ့ အရွယ်အစားရှိတဲ့ ရုပ်တုကို စတင်ထုလုပ်ခဲ့လေသည်။ သူ့အရပ်က 190 cmရှိရမည်။
ဒါမှ သူ့ကို အမျိုးသားရဲ့ လက်မောင်းတွေကြားထွေးပွေ့ထားနိုင်မှာ....

အိုင်၀မ်က အောက်ပုဂ္ဂိုလ်ပါ။ ဒါပေမဲ့ မင်းစိတ်ကူးထဲမှာရှိတဲ့ အောက်ပုဂ္ဂိုလ်တွေရဲ့ပုံစံတော့မဟုတ်လှဘူး။ သူက 185 cmအရပ်ရှိကာ သန်မာပြီး ချောမောခန့်ညားလှလေသည်။

လိင်တူစိတ်၀င်စား‌သူတွေအကုန်လုံးကသူ့ကို အထက်မှာလို့ထင်နိုင်ပေမဲ့ သူက တော့ အထက်မှာမဟုတ်ပေ။

ငါထုဆစ်ထားတဲ့ရုပ်ထုအသက်၀င်လာပြီ(Completed)حيث تعيش القصص. اكتشف الآن