Ep 9

9.4K 645 103
                                    

#Unicode

"သားတို့လာကြ ... အမေ မနက်စာပြင်ထားတယ် ။ နွားနို့ပူပူလေးသောက်လိုက်ကြနော်"

Jungkook၏အမေက မနက်စာပြင်ပေး၍စောင့်နေသည် ။ Jungkook နှင့် Taehyung လည်း နေရာအသီးသီးယူ၍ထိုင်လိုက်ကြသည် ။

"Taehyung ... ရော့ များများသောက်"

Jungkookက နွားနို့ခွက်လေးကို Taehyungရှေ့သို့ တိုးပေးလိုက်သည် ။ ညကအချိန်အတော်ကြာအောင် ခရီးနှင်ခဲ့သည်မို့ Taehyung အားပြန်ဖြည့်ဖို့လိုအပ်သည်လေ။

"မင်းလည်း များများသောက် ။ တစ်ယောက်ထဲအားရှိရုံနဲ့မရဘူး"

ရုတ်တရက်ဆိုလာတဲ့ Jungkook အဖေ၏စကားကြောင့် ကျန်တဲ့သုံးယောက်မှာ စွန့်အပြီး တိတ်ဆိတ်သွားရသည် ။

"အဟမ်း.... ကလေးတွေဆိုတာ ခွန်အားပြည့်ဖို့လိုတယ်လေ"

သူ့စကားကို တလွဲကောက်သွားမှန်းသိတာကြောင့် Jungkook၏ အဖေမှာ မြန်မြန်ဆန်ဆန်ပင် ပြင်ပြောရတော့သည် ။
ထိုအခါမှ မနက်စာစားပွဲဝိုင်းလေးက တဟီးဟီးဖြင့် ပြန်လည်စိုပြေလာခဲ့သည် ။

"ဒါနဲ့... အဖေပြောတဲ့ကိစ္စကို မေ့နေပြီလား Jungkook .... အဖေ့ သူငယ်ချင်းရဲ့သမီးလေးကတော့ Jungkookကို အရမ်းသဘောကျနေတာ ။ ဘယ်လိုလဲ ... တွေ့ကြည့်မလား"

Jungkookအဖေ၏ စကားကြောင့် Jungkookမှာ အနေရခက်သွားကာ Taehyungကိုလည်း မသိမသာ အကဲခတ်လိုက်မိသည် ။
Taehyungကတော့ ခေါင်းလေးငုံ့၍ နွားနို့လေးကိုသာ သောက်နေရှာသည် ။

"အဖေ... Taehyung ရှိနေတယ်လေ"

သတိပေးတဲ့အနေနှင့် လေသံခပ်ကြိတ်ကြိတ်ဖြင့် Jungkookပြောလိုက်သည် ။

"Taehyungရှိလည်း ဘာဖြစ်လဲ။ Taehyung က သားရဲ့သူငယ်ချင်းပဲလေ ... မိသားစုဆိုလည်း မမှားပါဘူး ။ ဟုတ်တယ်မို့လား Taehyung "

ပုံမှန်ကြားနေကျ သူငယ်ချင်းဆိုတဲ့စကားက Jungkook အဖေပြောလိုက်တော့လည်း Taehyung အတွက် နားဝင်ဆိုးနေသည် ။
ခံရခက်သလို ရင်ထဲမှာလည်း တင်းကျပ်လာရ၏ ။

"Taehyung ... အန်ကယ်ပြောတာ ဟုတ်တယ်မို့လား"

Jungkook အဖေက ထပ်မံမေးလာသည်မို့ Taehyung သတိဝင်ကာ အလျင်အမြန်ပင်ခေါင်းကိုငြိမ့်ပြလိုက်သည် ။

From Best Friend To Bed Friend(Completed)Where stories live. Discover now