Chapter_1

1K 46 5
                                    

"လီလျန်ဟွား ...မင်း အခုဘယ်မှာလဲ?"

ဖန်းသော့ပင်း အသံထွက် ရည်ရွတ်ရင်း ပါးပြင်ထက်က စီးကျလာတဲ့ မျက်ရည်ကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းပွတ်တိုက်ပစ်လိုက်တယ်။

လီလျန်ဟွား ထွက်သွားပြီးတဲ့နောက်ပိုင်း ဖန်းသော့ပင်းအတွက် ပိုပြီး သေချာလာခဲ့တာက သူ့အတွက် လီလျန်ဟွားက အရာအားလုံးထက် အရေးကြီးတယ် လီလျန်ဟွားရဲ့ ဘ၀တစ်လျှောက်လုံးကို သူကာကွယ်ပေးချင်တယ် အဲ့တာကြောင့်လဲ ဒီနှစ်တွေမှာ သူ ယန့်ကျိုးမန်ကို ကြိုးစားပြီးလေ့ကျင့်နေခဲ့တယ်။ လူတိုင်းက လီလျန်ဟွား သေပြီလို့ ပြောနေရင်တောင် သူကိုယ်တိုင် အလောင်းကိုမတွေ့ရမချင်း သူ လီလျန်ဟွားကို လိုက်ရှာနေအုန်းမှာ....

ဒါဟာ သူငယ်စဉ်က သူ့ဘ၀ကိုပြောင်းလဲနိုင်ခဲ့တဲ့ နောက်ကျောလေးကို ငေးရင်း ဆရာအဖြစ်တင်မြောက်ချင်တဲ့ လီရှန့်ယီ ကြောင့်လား ဒါမှမဟုတ် သိုင်းလောကတစ်ခွင်အတူတူကြင်လည်ချင်ခဲ့တဲ့ သေတဲ့သူကိုတောင် ပြန်ရှင်အောင် လုပ်နိုင်တယ်လို့ နာမည်ကြီးတဲ့ ဉာဏ်ကောင်းလွန်းလှပြီး အမှု့တိုင်းကို ဖြေရှင်းနိုင်တဲ့ လီလျန်ဟွားဆိုတဲ့ သူ့ရဲ့ သိုင်းလောက သူငယ်ချင်းသံယောဇဉ်ကြောင့်လား ...

ဒါမဟုတ် သူကိုယ်တိုင်တောင် အဖြေထုတ်ဖို့ မစဉ်းစားမိတဲ့ အမည်မသိ ခံစားချက်ကြောင့်လား...
သေချာတော့ တတိယမြောက်ခံစားချက်ကို ဖန်းသော့ပင်း တွေးမိမယ်မထင်ပါ။

ဖန်းသော့ပင်း မြို့စွန်က စားသောက်ဆိုင် တစ်ခုမှာ ထိုင်ရင်း

"ဟူလီကျင်း...ဒါကိုယူလိုက်"

ဟူလီကျင်းကို ခေါင်းလေး ပွတ်ပေးနေရင်း ကြားလိုက်ရတဲ့ ဘေးဝိုင်းက စကားသံကြောင့် ဖန်းသော့ပင်းရဲ့ လက်က ရပ်တန့်သွားခဲ့သည်...

"‌ဟိုတစ်လောက အဲ့တောင်ပေါ်ကို အဲ့ဒီ ပန်းသွားခူးတဲ့ လူတစ်စု အသေဆိုးနဲ့သေသွားခဲ့တာလေ

အလောင်းတွေက တောင်ဘေးက မြစ်ထဲကမြောလာလို့ မြစ်မှာရေလာချိုးတဲ့သူတွေတွေ့တာ"

"ကြောက်ဖို့ကောင်းလိုက်တာ"

"အဲ့ဒီ ပန်းက ဘာမလို့ အဲ့ မကောင်းဆိုးရွားတောင်ပေါ်ထိ တက်သွားတာလဲ"

Untold story of Fanghua ♡Where stories live. Discover now