Chapter _10 ( Final Part )

441 41 6
                                    

သုံးလခန့်ကြာသော် >>>

"ဟူလီကျင်း လာခဲ့"

သူ့ဆီအပြေးလေးလာနေတဲ့ ဟူလီကျင်းလေးကိုမြင်တော့ ဟွား အလိုလိုနေရင်း ပြုံးရယ်မိတယ်။ ဟူလီကျင်းကို ထားခဲ့တဲ့နေရာကို သူ တစ်ခေါက် ပြန် သွားပြီး ပြန်ခေါ်ခဲ့တာဖြစ်သည် ။ ဈေးက ၀ယ်လာတဲ့ အသားတွဲ
လေးကို ဆွဲပြီး သူနေတဲ့ အိမ်လေးကို ပြန်လာခဲ့တယ် ။ သူဆောက်ထားတဲ့ အိမ်လေးက တော်တော်လေး သပ်သပ်ရပ်ရပ် ရှိတယ်ဆိုရမယ်။  သူ လူအရောက်အပေါက်နည်းတဲ့
ဒီရွာလေးမှာ အခြေချဖို့ ဆုံးဖြတ်ထားတယ် ။ သူ ဒီကို ရောက်လာတာ ဘယ်လောက်မှ
မကြာသေး ပေမယ့် သူနေတဲ့နေရာလေးက အေးချမ်းတယ်။ သူစိုက်ပျိုးထားတဲ့ တစ်ချို့အပင်လေးတွေကို ရောင်းချရင်း ရတဲ့ငွေအနည်းငယ်နဲ့ သူ့ဘ၀လေးကို ရိုးရှင်းစွာရှေ့ဆက်နေခဲ့တယ် ။

"ဆေးဆရာလေး မနက်ဖြန် ရွာထဲမှာ ကျင်းပ
မယ့် ပွဲကို လာမှာမလား တောင်ပေါ်မှာ
ချည်းပဲ မနေနဲ့လေ ရွာထဲကိုလဲ ဆင်းလာပါအုန်း ရွာက မိန်းမပျိုလေးတွေက ဆရာလေးကို မျက်စိ ကျနေကြတာ "

အိမ်ကိုပြန်လာတဲ့ လမ်းမှာ ကြားရတဲ့ အန်တီ
ကြီး တစ်ချို့ရဲ့စကားသံတွေ ။ သူ့အိမ်လေးက ရွာထဲဆိုပေမယ့် တောင်ကုန်းလေးပေါ်မှာ ဆောက်ထားသည် ။ ဆိုတော့ သူနေတဲ့ အိမ်လေးက ရွာရဲ့ လူနေအိမ်တွေနဲ့ အနည်းငယ်တော့ လှမ်းတယ်ခေါ်ရမယ် ။ ညဘက်ဆို သေရည်လေး သောက်ရင်း ကောင်းကင်က ကြယ်လေးတွေကို ဟူလီကျင်းနဲ့ အတူတူကြည့်ရတဲ့ ခံစားချက်လေးကို အရမ်းအေးချမ်းပြီး အပူအပင် ကင်းတယ်
ဆိုရမယ် ။

"ငါ မင်းကို ကာကွယ်ပေးမယ် ဟေ့ ငါ့ဆီလာခဲ့စမ်း"

ကလေးတွေရဲ့ ဆော့စကားနေတဲ့ အသံလေး
ကြားတော့ သူ့မေ့ထားချင်တဲ့ တစ်ချို့သော
မှတ်ဉာဏ်တွေက အတွေးထဲရိပ်ခနဲ ပေါ်လာပြန်တယ် ။

"ဟူလီကျင်း ငါ မင်းကို ဒီည ကောင်းကောင်းချက် ကျွေးမယ် ရှေ့က ပြေးလေ "

အာရုံကို ဟူလီကျင်းဆီကို လွှဲလိုက်ရင်း ။ အိမ်လေးကို ပြန်ရောက်လာခဲ့တယ် ။ ဒီလိုနဲ့ သူရဲ့ တစ်နေ့တာကို ကုန်ဆုံးအုန်းမည်ဖြစ်သည် ။

Untold story of Fanghua ♡Where stories live. Discover now