Chapter _3

422 40 0
                                    

လူမရှုပ်မရှင်း ‌သာမန်မြို့လေးတစ်မြို့ရဲ့ ဈေးထဲမှာ ဈေးခြင်းလေးကိုင်ရင်း ဟိုလိုက်ကြည့် ဒီလိုက်ကြည့် ဈေး၀ယ်နေတဲ့ ဟွားကို
ဖန်းသော့ပင်း နောက်ကနေ ခြေလှမ်းမှန်မှန်ဖြင့် လိုက်ကြည့်နေမိသည်။

ကတုန်ကယင်ဖြစ်နေတဲ့ ရင်ထဲက အမည်
မသိခံစားချက်ကြောင့် လူက တစ်မျိုးကြီးဖြစ်နေတာတော့အမှန် ။

နောက်ကျောကနေ မြင်ရတဲ့ ဟွားရဲ့ ပုံရိပ်က ပုံမှန်ထက် အနည်းငယ် ပိန်သွားတယ်လို့
ဖန်းသော့ပင်းခံစားမိတယ် ~ ဟွားဘေးကိုစောင်းပြီး ဈေးသည်တွေကို ကြည့်လိုက်တိုင်း ဟွားရဲ့ဘေးတိုက်မျက်နှာကျလေးကို မြင်တိုင်း~~ ဖန်းသော့ပင်းရင်ဘတ်ထဲ အပူလှိုင်းတစ်ချို့ဖြတ်သန်းသွားကာ ...ကတုန်ကလျင်ဖြစ်နေတဲ့ ခံစားချက်က ပိုပိုပြင်းထန်လာတယ်။ လက်ထဲက ဓားကို ပိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ...

ဟွားဘေးနားကိုပြေးသွားတာကာ ဘေးက ကပ်လိုက်ဖို့ကို ဆုံးဖြတ်လိုက်တော့သည် ...

"ကိုကို ဒီနေ့ ဘာချက်ကျွေးမှာလဲ" 

"....." 

"ကိုကို ကျွန်တော်ချက်ကျွေးရမလား...ကိုကို့ထက်စာရင် ကျွန်တော်က ပိုဟင်းချက်ကောင်းတာသိတယ်မလား ကျွန်တော်တို့
အိမ်က စားဖိုမှူးလက်ရာကိုတော့ ကိုကို မစားဘူးပေမယ့် ကျွန်တော့်လက်ရာ က အိမ်က စားဖိုမှူးလက်ရာထက် နှစ်ဆကောင်းတာနော် နှစ်ဆ ဟားဟားဟား" 

အရွက်ကိုင်ပြီး တရစပ်ပြောနေတဲ့ ရှောင်းပေါင်ကို ဈေးရောင်းတဲ့ အန်တီကြီးတောင် ပါးစပ်အဟောင်းသားငိုင်ကြည့်နေတော့သည်။ ရှောင်းပေါင်က သူ့ဘာသာသူပြောရင်း ဘယ်လိုလဲ စမ်းကြည့်ချင်လားဆိုတဲ့ မျက်နှာဘေးနဲ့ သူ့ကို မေးငေါ့ပြပြီး ခါးထောက်ထားလေသည်။ 

"ဘာစားချင်သေးလဲ သွား၀ယ်ရအောင်"

"သေရည် သွား၀ယ်ရအောင်"

ပြောလဲပြောရင်း သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်ကာ သေရည်ရောင်းရာဆိုင်ဆီကိုသွားနေတဲ့ ရှောင်းပေါင်နောက်ကို ဆိတ်ဆိတ်နေကာ လိုက်သွားမိတယ်။ 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဘာလို့ လျမ်လော့ရမ်ကို မြို့ပြင်မှာ ရပ်ဖို့ပြောတာလဲ"

Untold story of Fanghua ♡Where stories live. Discover now