TRPF Final

239 25 0
                                    


မိုးများစွာရွာသွန်းနေလေသော မဟူရာညဝယ် လီရှီးချန်၏ အိပ်ဆောင်သည်တော့ ‌လူနှစ်ယောက်၏ လှုပ်ရှားမှုများကြောင့် အပူချိန်များတိုးနေလေသည်။

"နာတယ်"

"စိုးရွံ့မိပါတယ် အရှင်
ညင်သာပါ့မယ်"

"တော်ပြီ ကိုယ်လက်သန့်စင်တော့မယ်"

လက်ထဲမှ သစ်သားဓားအား ဆောင့်ချကာ ရေချိုးဆောင်ရှိရာသို့ သွားသော အရှင်ငယ်ကြောင့် လေ့ကျင့်ရေးဓားတို့အား သိမ်းဆည်းကာ လူယုတ်မာပြုံး ပြုံးပြီး အရှင်ငယ်နောက်အမြန်လိုက်သွားတော့သည်။

ဝတ်ရုံအား တလွှာချင်းစီ ချွတ်ပေးပြီးနောက် ကျောက်စိမ်းရေချိုးကန်ဘောင်ပေါ်ထိုင်နေပါသော ဧကရာဇ်ငယ်အား ဆံချုပ်အားဖြေလိုက်လျှင် ရေတံခွန်သဖွယ် ကျဆင်းလာပါသော ခပ်ရှည်ရှည်ဆံနွယ်များက မြတ်နိုးဖွယ်ရာအတိ။

သိုင်းလေ့ကျင့်ပြီးခါစမလို့ ချွေးစို့နေပါသော နဖူးပြင်ငယ်အား ခပ်ဖွဖွ အနမ်းပေးတော့ အလိုက်သင့်ပြန်ဖက်လာပါသော လက်သွယ်သွယ်လေးနှစ်ဖက်။

နှင်းဆီဖက်များကြဲချထားပါသော ရေချိုးကန်သည် ဘောင်များတွင် ဖယောင်းမီးများထွန်းထားသေးသည်။

ရေချိုးဆောင်၏ ထောင့်များတွင်လည်း အနီရောင် မီးပုံးများအား ထွန်းထားသေးသဖြင့် မင်္ဂလာဦးညက ခံစားချက်ကဲ့သို့ပင် ရင်ဖိုလာရသည်။

"တော်တော့ ကိုယ်တော် ဒီနေ့ပင်ပန်းနေတယ်"

ခေါင်းအသာငြိမ့်ကာ ရေချိုးကန်ထဲသို့ ညင်သာစွာ ပွေ့ဆင်းပြီး မိမိပေါင်ပေါ်တင်ကာ ဆံနွယ်တို့အား ဆေးကြောပေးနေမိသည်။

"ကိုယ်တော့်ရဲ့ရှီးချန်
ကိုယ်တော့်ပခုံး‌တောင့်နေသလိုပဲ"

သွားများပေါ်အောင်ရယ်မိပြီးနောက် ပခုံးတို့အား ညင်သာစွာနှိပ်နယ်ပေးလေတော့ မျက်လုံးများမှိတ်ကာ မိမိပခုံးပေါ်သို့မှီချလာလေသည်။

"တကယ်ကို ကြင်ယာတော် ချန်ချန်ကလွဲရင် ဘယ်သူမှမရှိတော့ပါဘူး"

"အတတ်လေး သိပ်ကိုနိုင်စားနေတာ"

"ငြိုငြင်တာလား ကိုကိုက"

The Red Poisonous Flower Where stories live. Discover now