အလုပ်သွားတာသုံးလေးရက်ဘဲရှိသေးတယ်
ဇာတိပြလာတဲ့ထယ်ယောင်းကအလုပ်ထက်
Clubကိုသာသွားချင်နေတော့တာမို့ ညအိပ်ခါနီးကိုအိပ်မပျော်နိုင်~"clubသွားချင်တယ်~"
"clubကဘာကြီးလဲကိုကို~"
"ဒေဝေါတွေရှိတဲ့နေရာလေ~"
"အဲ့တာဆိုဘာလို့သွားချင်တာလဲကိုကိုကလဲ
အစားခံရမှာမကြောက်ဘူးလား~""မကြောက်ပါဘူး သူတို့ကကပြတယ်~"
"ဟင် တကယ်ကပြတာလား~"
"တကယ်ပေါ့ သူတို့ကကပြတယ် ကိုကိုတို့က
အရက်လေးသောက်ပြီးထိုင်ကြည့်တယ် ကြိုက်ရင်ခေါ်ပြီး
ရှေ့တည့်တည့်မှာကပြခိုင်းတယ်~""အခုအရက်ရှိရင်သောက်လိုက် သားကပြမယ်~"
"မင်းက ကတတ်လို့လား~"
"ကတတ်တယ် ဆရာမသင်ပေးထားတာ~"
"အဲ့တာဆိုလဲကပြစမ်းပါ~"
"လက်ကိုမြှောက် ဘေးတိုက်လျှောက်
မင်းလမ်းလျှောက်တာမှားနေပြီ ဒီလိုမဟုတ်ဘူး
ဒီလိုဒီလို~"ပုလုံးလုံးနဲ့ဂဏန်းသီချင်းဆိုကာကပြနေတဲ့ဂျောင်ပိစိကြောင့်
ထယ်ယောင်းမှာရယ်ရမလိုငိုရမလို~"မင်းကတာမကြိုက်ဘူး စကီလေးတွေကပြတာဘဲကြိုက်တာ~"
"စကီအကကဘယ်လိုမျိုးလဲ ကျောင်းမှာသင်မှာလား~"
"ဘယ်လိုလုပ်သင်မှာလဲ လာအိပ်တော့
ကပြပေးလို့ကျေးဇူးဘဲ~"လာဆိုတော့လဲပြေးလာပြီးသူ့လက်မောင်းကိုခေါင်းလာအုံးတဲ့ဂျောင်ကုလေးကိုထယ်ယောင်းလဲစောင်ခြုံပေးပြီး
ကျောလေးပွတ်ပေးလေရဲ့~"ဒီနေ့လဲ လိမ်လိမ်မာမာနေခဲ့နော် ညနေOmmaတို့ဆီသွားမယ်~"
"ဟုတ်ကဲ့~~မွ~~"
ကျောင်းပို့တိုင်းGoodbye kissပေးနေကျမို့
အကျင့်ဖြစ်သွားပြီဖြစ်တဲ့ဂျောင်ကုလေးကသူ့ကိုနမ်းပြီး
ကျောင်းထဲဝင်သွားပြီမို့ထယ်ယောင်းလဲကုမ္ပဏီသွားအလုပ်လုပ်ရတယ်။~~Ring~~Ring~~
"hello~"
"ဂျောင်ကုလေးသတိလစ်သွားလို့အမြန်လာပါဦး~"
YOU ARE READING
My little star{Complete}