"မတားနဲ့ သွားမှာ လွတ်!"
"ကိုကိုတောင်းပန်တယ်လို့ ကိုကိုမှားသွားပါတယ် မသွားပါနဲ့ပိစိရယ်နော်~"
သူ့အဝတ်စားတွေအပြည့်ထည့်ထားတဲ့
luggageအိတ်ကြီးကိုဆွဲကာ
အိမ်ပေါ်ကဆင်းနေတဲ့ဂျောင်ကုကိုထယ်ယောင်းက
လှေခါးထိပ်ကနေဆွဲတားနေရတာမို့အိမ်အကူတွေလဲမျက်လုံးကိုပြူးလို့~"လွတ်! ကိုကိုနဲ့မနေဘူး တစ်ယောက်တည်းအိမ်ဝယ်ပြီးသွားနေမယ်~"
"မလုပ်ပါနဲ့ စိတ်လျှော့ပါဦးနော်~"
"မလျှော့ဘူး!"
ပြဿနာကရည်ရွယ်ချက်ရှိရှိနဲ့ဂျောင်ကုနို့ဘူးပြတ်ဖို့အတွက်
ထယ်ယောင်းကနို့မှုန့်ကုန်သွားတာကို
နို့မှုန့်ဘူးအသစ်ထပ်မဝယ်ပေး နို့မဖျော်ပေးတဲ့
နှစ်ရက်မြှောက်နေ့မှာဂျောင်ကုတစ်ယောက်ဒေါသထွက်ကာအိမ်ဆင်းဖို့လုပ်နေခြင်း~"မနေဘူးဆင်းမှာ ကိုကိုကကပ်စီးအိုးတယ်~"
"မဟုတ်ရပါဘူး ပိစိကောင်းဖို့အတွက်ပါ~"
"ဘာမှမဟုတ်ဘူးလိမ်တာ နို့သောက်တာကဆိုးကျိုးပါ့မရှိတာကို ကိုကိုကမတိုက်ဘူး~"
"မတိုက်ချင်လို့မဟုတ်ပါဘူး~"
"တော်ပြီ တော်ပြီ မကြားချင်ဘူး သွားတော့မယ်~"
"မသွားနဲ့လို့ ကိုကိုဝယ်တိုက်မယ်ဟုတ်ပြီလား~"
"သေချာလား~"
"သေချာတယ် အခုဘဲသွားဝယ်ခိုင်းလိုက်မယ်~"
"မယုံဘူး အခုချက်ချင်းသွားဝယ်ခိုင်း~"
"ok..ok~"
ဘယ်လိုမှမရတဲ့အဆုံးမှာထယ်ယောင်းက
သူ့အိမ်အလုပ်သမားကိုနို့မှုန့်ဘူးသွားဝယ်ခိုင်းတော့
ဂျောင်ကုကမယုံသင်္ကာနဲ့အိမ်ရှေ့ခန်းမှာluggageအိတ်ကြီးကိုဖက်လို့စောင့်နေသေး~"အိတ်ကြီးကချထားဦး~"
"မချဘူး နို့မှုန့်ဘူးမြင်မှချမယ်~"
"မလွယ်ပါလားပိစိရယ်~"
အိတ်နဲ့အတူ သူနဲ့အဝေးမှာထိုင်ထားတဲ့ဂျောင်ကုက
မျက်နှာတစ်ခုလုံးနီပြီးနှုတ်ခမ်းကစူနေတာမို့
ထယ်ယောင်းဘာမှမတတ်နိုင်~
YOU ARE READING
My little star{Complete}