(၃၂)
"နင်....."
အတန်တန် စိတ်ကိုထိန်းရင်း သည်းခံနေမယ်ဟု ဆုံးဖြတ်ထားကာမှ ပေါက်ထွက်သွားသည့် ကိုယ့်ပါးစပ်ကိုယ် အပ်နှင့်ချုပ်ဖို့ပင် ကောင်းတော့သည်။ လက်ထပ်မည်တဲ့။ မတူညီသည့် အဆင့်အတန်းအလွှာထဲက မိန်းကလေးကို ယူထားတာနှင့်ပင် မတော်သေးပဲ ဘာစိတ်ကူးနဲ့များ ပြောနေသလဲမသိ။ လက်ထပ်မယ်ဆိုကတည်းက လူသိရှင်ကြားမို့ ပတ္တမြားအိမ်တော်၏ ဂုဏ်သိက္ခာကို ခွေးချကျွေးလိုက်တာမှ ပိုကောင်းဦးမည်။ မိမိနှင့် မြိုင့်ကိုပင် အားမနာပဲ သူ့ပေါင်ပေါ် ထိုင်နေသည့် မဏိသက်၏ မျက်နှာကထောင့်မကျိုးနေတာမို့ ပတ္တမြား ပေါက်ကွဲချင်စိတ်က တဖွားဖွား။ မြိုင့်ခမျာလည်း မျက်နှာက သွေးဆုပ်ဖြူရော်နေ၏။ သို့သော်လည်း ဆန္ဒနှင့် လက်တွေ့ဘယ်လိုမှ ထပ်တူမကျတာမို့ ပတ္တမြား မခံချင်စိတ်ကို ဆင့်ကာဆင့်ကာ မြိုချနေရ၏။
"ပေ့ မေ့ အဟင့် အင့်"
"အို...... မြေးလေးကလဲ ကျွတ်စ် တိတ်ပါ အဖေနဲ့ အမေက ဟိုးမှာ"
"'အေမ သား!!"'
"ဟင်!! ဒီအဘွားကြီးက ဘယ်သူ"
မျက်နှာကိုကြည့်တော့ သနပ်ခါးက ထူရဗျစ်။ အပေါစားပါတိတ်ဝမ်းဆက်ကိုမှ နွမ်းခြောက်ခြောက်ဝတ်ထားသည့် ထိုမိန်းမကြီးကိုကြည့်ပြီး ပတ္တမြား မျက်မှောင်ကျုတ်မိလေသည်။ စုပ်ပြတ်သပ်နေသည့် အဘွားကြီးက အိမ်တော်မှာရှိပြီးသားလူလား။ အစုပ်ပလုတ်ကောင်သေးသေးလေးကို ပွေ့ချီထားသည့် မိန်းမကြီးကို မဏိသက် အမေဟု ခေါ်လိုက်တာကြားသည်။ ဒီလိုဆိုရင်....။ ဒီလိုသာဆိုရင် ထိုအဘွားကြီက......??။
"သမီးရေ မြေးလေးကို ချီပါဦး"
""ကျွန်တော့်ယောက္ခမ အသက်လေးရဲ့ မေမေ""
"ဘာ!!!"
"အငယ်ကောင် အိမ်တော်မှာ ဘယ်လိုစည်းစနစ်ရှိတယ်ဆိုတာ နင်သိပါတယ် ဘယ်လိုလူတွေကို အိမ်တော်မှာ ခေါ်တင်ထားတာလဲ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ငါတို့အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို နင်က အဖက်ဆယ်လို့ မရအောင်ဖျက်ဆီးနေတာလား"
""သိတယ် သိလို့ပဲ အသက်နဲ့ ပြန်လက်ထပ်ဦးမှာ အဲ့စည်းကမ်းတွေက ဘယ်လောက်အရေးကြီးနေလို့ လိုက်နာရမှာလဲ""
![](https://img.wattpad.com/cover/346431068-288-k60283.jpg)
YOU ARE READING
သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...